Homeငြိမ်းချမ်းရေးရေးတွင် ပရဟိတလုပ်နေသူ စစ်တပ်အငြိမ်းစား ကိုအောင်နိုင်ဝင်း သေနတ်အပစ်ခံရပြီး သေဆုံး

ရေးတွင် ပရဟိတလုပ်နေသူ စစ်တပ်အငြိမ်းစား ကိုအောင်နိုင်ဝင်း သေနတ်အပစ်ခံရပြီး သေဆုံး

-

မွန်သတင်းအေဂျင်စီ ( ၂၀၂၂ ဖေဖော်ဝါရီ ၉)

မွန်ပြည်နယ် ရေးမြို့နယ်မှ ပရဟိတလုပ်ကိုင်ဆောင်ရွက်နေသူ စစ်တပ်အငြိမ်းစားတစ်ဦးဖြစ်သည့် ကိုအောင်နိုင်ဝင်း ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေးမြို့ သာသနာပြု ကိုရင်လေးဆရာတော်၏ အခမဲ့ဆေးခန်းတွင် ပရဟိတလုပ်နေသည့် ကိုအောင်နိုင်ဝင်းသည် နံနက်ပိုင်းက လက်ဖက်ရည်သောက်နေစဉ် သေနတ်အပစ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကိုရင်လေးကျောင်းမှာ ဘိုးဘွားရိပ်သာ ဆောက်နေတာကို ကြီးကြပ်ပေးနေတာပါသူက။ မနက်က ၈ နာရီ လောက်က လက်ဖက်ရည်သောက်နေရင်း လာပစ်ပြီး သေသွားတာလို့ ကြားပါတယ်။ ဒီနေ့နေ့လယ် ကိုရင်လေးက ဦးစီးပြီး သဂြိုလ်သွားမယ်လို့ လည်းကြားပါတယ်” ဟု ပြောသည်။

ကိုအောင်နိုင်ဝင်းသည် စစ်တပ်အငြိမ်းစား ဗိုလ်မှူးတစ်ဦးဖြစ်သလို ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအနေဖြင့် အမတ်လောင်းနေရာ ဝင်ရောက်အရွေးချယ်ခံခဲ့သူ ဖြစ်ကြောင်း သိရသည်။

ရေးမြို့နယ်တွင် ၂၀၁၃ ခုနှစ်၌ စတင်ဖွဲ့စည်းလုပ်ဆောင်ခဲ့သော ရေးမြို့နယ် ဓမ္မစကူးဖောင်ဒေးရှင်းတွင် (၂) နှစ်ကျော်ကြာ အတွင်းရေးမှူးအဖြစ် တာဝန်ယူ၍ လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် မေလ ၁၄ ရက်နေ့တွင်လည်း ရေးမြို့အောင်သုခရပ်ကွက်ရှိ ကိုအောင်နိုင်ဝင်း၏ နေအိမ်ကို လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အချိန်အတော်ကြာ ကုသမှု ခံယူခဲ့ရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts