Homeငြိမ်းချမ်းရေးသထုံမြို့ပေါ် တစ်မနက်ထဲ နေရာ ၅ ခုတွင် ဗုံးပေါက်ကွဲ

သထုံမြို့ပေါ် တစ်မနက်ထဲ နေရာ ၅ ခုတွင် ဗုံးပေါက်ကွဲ

-

မွန်သတင်းအေဂျင်စီ ( ၂၀၂၁ ဒီဇင်ဘာ ၂၀)

မွန်ပြည်နယ် သထုံမြို့နယ်တွင် ဒီဇင်ဘာလ ၂၀ ရက်နေ့  တစ်ရက်ထဲ နေရာ ၅ ခုတွင် ဗုံး ၅ ကြိမ်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

သထုံမြို့ သိမ်ကုန်းရပ်ကွက် ဘုရားကြီးလမ်းရှိ စိုးမိုးမိုဘိုင်းဖုန်းဆိုင်၊ ဘူတာအောက်ကျင်းရပ်ကွက် ရှမ်းစုအလယ်တန်းလမ်းမှ ပြည်တော်သာစားသောက်ဆိုင်အနီး၊ ဘူတာလမ်းမှ

သုဝဏ္ဏဘီယာဆိုင်၊ ရှမ်းစုလမ်းရန်ကုန်အဖျော်ယမကာ အရောင်းဆိုင်နှင့်ပြည်တော်သာ အဖျော်ယမကာအရောင်းဆိုင်တွေရှေ့တွင် နံနက်အစောပိုင်းအချိန်များ၌ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မနက်က ဆိုင်မဖွင့်ခင်ပေါက်သွားတာပါ။ ထိခိုက်တဲ့သူမရှိပေမယ့်ဆိုင်ကိုတော့နဲနဲထိသွားတယ်”ဟု စိုးမိုးမိုဘိုင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ဗုံးပေါက်ကွဲမှုများကြောင့် ဆိုင်အချို့၏ဆိုင်ခန်းနေရာများနှင့်အုတ်စည်းရိုးများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးကဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်ကလည်း သထုံမြို့ပေါ်ရှိ  နန်းခွဲရပ်ကွက်မှအုပ်ချုပ်ရေးမှူးရုံးအနီး၊ကမ္ဘာ့ရတနာဘဏ်၊လိပ်အင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ဘင်လှိုင်ရပ်ကွက်ရှိ ကညနရုံးနှင့် ပေါ်တော်မူကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သေးသည်။

သထုံမြို့တွင် ဗုံးကွဲမှုများ မကြာခဏဖြစ်ပေါ်နေပြီး ဒီဇင်ဘာလတွင် ဗုံးပေါက်သော နေရာနှင့်နီးသည့် သထုံမြို့ ဆန်းဒေးကေတီဗီမှ ပိုင်ရှင်နှင့်ဝန်ထမ်းများ ယနေ့တိုင် မလွတ်မြောက်သေးကြောင်း သိရသည်။

ထို့ပြင် ယင်းဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ အာဏာပိုင်များ ခေါ်ဆောင်ခဲ့သူများကို တရားရုံးတွင် ယမန်ရယူခြင်းမရှိ၊ အချုပ်တွင်ချုပ်ထားခြင်းလည်းမရှိ၊ ပုဒ်မနှင့်တရားစွဲခြင်းမရှိဘဲ ယနေ့တိုင်ပြန်မလွှတ်သေးဘဲ စစ်ဆေးမေးမြန်းနေကြောင်း ဆိုင်ပိုင်ရှင်အမျိုးသမီးထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts