Homeငြိမ်းချမ်းရေးရေး-ထားဝယ်ကားလမ်းပေါ်ရှိ ကလော့ချောင်းတံတားမိုင်းဖောက်ခွဲခံရ

ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ကလော့ချောင်းတံတားမိုင်းဖောက်ခွဲခံရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၁၃)

ရေးမြို့မှ ထားဝယ်သို့သွားရာကားလမ်းပေါ်ရှိ ကလော့ချောင်းတံတား၌ ယနေ့မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ တံတားကွန်ကရစ်တိုင်အောက်ခြေပြတ်ထွက်သွားကြောင်း သတင်းရရှိသည်။

အဆိုပါ မိုင်းဖောက်ခံရမှုကြောင့် ပေ ၄၀ ရှိ တံတားပျက်စီးမှုတန်ဖိုးငွေကျပ်သိန်းတစ်ရာခန့် ဆုံးရှုံးခဲ့ရကြောင်း ရေးမြို့အာဏာပိုင်အသိုင်းအဝိုင်းက ခန့်မှန်းပြောဆိုနေကြသည်။

“ရေးကနေအသွား ခေါဇာ ကဗျာဝသွားတဲ့ကားလမ်း ကလော့လမ်းခွဲအလွန် ရေး-ထားဝယ်ကားလမ်းပေါ်က ကလော့ချောင်းတံတားမှာ ၁၃း၁၅ နာရီလောက်မှာ မိုင်းကွဲတယ်၊ တံတားနည်းနည်းထိတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါတံတားပျက်စီးမှုကို သက်ဆိုင်ရာက ပြင်ဆင်မှုများ ချက်ချင်ပြင်ဆင်နေကြပြီး ယာဥ်အသွားအလာများ ခေတ္တရပ်နားထားရသည်ဟု ၄င်းကဆိုသည်။

ထားဝယ်ဘက်မှမောင်းနှင်လာသော FORLAND မော်တော်ယာဥ်အမှတ် 1Q-2059 ကလော့ကျေးရွာနေသူ ယာဥ်မောင်း ချစ်ဖြိုးဝေ (၂၄ နှစ်) လက်မောင်းတွင် ပေါက်ကွဲစထိမှန်ထိမှန်သော်လည်း ဒဏ်ရာမစိုးရိမ်ရ၊ မော်တော်ယာဥ် လေကာမှန်နှင့် အခြားပျက်စီးမှုတန်ဖိုးကျပ် ၈ သိန်းခန့်ရှိကြောင်း သိရသည်။

ရေးမြို့နယ်တွင် ယခင်လအတွင်း Mytel ဆက်သွယ်ရေးတာဝါတိုင်များ မကြာခဏမိုင်းခွဲခံရပြီး ယခုအခါ တံတားမိုင်းခွဲမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။  

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts