HomeCovid 19ကိုဗစ်ရောဂါပိုးတွေ့ရှိမှု များပြားလာသောကြောင့် မော်လမြိုင်မြို့တွင် ဆေးကုသ‌ဆောင်နေရာထပ်တိုး

ကိုဗစ်ရောဂါပိုးတွေ့ရှိမှု များပြားလာသောကြောင့် မော်လမြိုင်မြို့တွင် ဆေးကုသ‌ဆောင်နေရာထပ်တိုး

-

မွန်သတင်းအေဂျင်စီ၊(၂၀၂၁ ဇူလိုင် ၈)

မွန်ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ တစ်နေ့ထက်တစ်နေ့များပြားလာသဖြင့် မော်လမြိုင်ဆေးရုံးကြီးရှိ ကိုဗစ်ဆေးကုသဆောင်များတွင် လူနာပြည့်လျှံလာသောကြောင့် Isolation Ward နေရာများ ထပ်မံတိုးထားကြောင်း စေတနာ့ဝန်ထမ်း ဆရာဝန် ဒေါက်တာသက်ကျော်စိုးက ပြောသည်။

“တိုးဖွင့်တယ်ဆိုတာက Isolation 1 ၊ 3နောက် (မော်လမြိုင်တက္ကသိုလ်) ဆယ်မြို့နယ်ဆောင်က ထားဝယ်ဆောင်၊ ဘားအံဆောင်၊ မော်လမြိုင်ဆောင်၊ ပြီးတော့ မြေနီကုန်းက ဗိမာန်ပေါ့။ အဲမှာ တိုးထားတာပေါ့” ဟု ပြောသည်။

မော်လမြိုင် ဆေးရုံကြီးရှိ Isolation ward 1၊ Isolation ward 2 Isolation ward 3 ၊မော်လမြိုင်တက္ကသိုလ် ထားဝယ်ဆောင်တွင်တို့တွင် လူနာများ ကုသပေးလျက်ရှိသော်လည်း နေရာလုံလောက်မှုမရှိတော့ပေ။

ကျန်မြို့နယ်အသီးသီးတို့တွင်လည်း မြို့နယ်ဆေးရုံအပြင် FBCQ စင်တာများတွင် ထားရှိကုသနေကြပြီး ရောဂါလက္ခဏာပြင်းထန်သူနှင့် သက်ကြီးပိုင်းတို့ကို မော်လမြိုင်မြု့ိရှိ ကိုဗစ်ကုသရေးအဆောင်များသို့ ပို့ဆောင် ကုသနေကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယမန်နေ့ (ဇူလိုင် ၇ ရက်) စာရင်းအရ ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှစတင်၍ မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်ခံရသူ အတည်ပြုလူနာ ဦးရေ ၁၆၀၀ နီးပါးရှိပြီး သေဆုံးသူ ၄၆ ဦးထိ ရှိကြောင်း သိရသည်။

လက်ရှိတွင် မော်လမြိုင်၊ သထုံနှင့် သံဖြူဇရပ်မြို့နယ်တို့ကို Stay at Home သတ်မှတ်ထားပြီး ၎င်းမြို့နယ်များရှိ စာသင်ကျောင်းများလည်း ယာယီပိတ်ထားကြောင်း၊ မွန်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်ပစ္စည်းများမှလွဲ၍ ဈေးဆိုင်၊ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်များအားလုံး ပိတ်ထားရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts