Homeငြိမ်းချမ်းရေးရေးမြို့နယ် နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရ

ရေးမြို့နယ် နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရ

-

မွန်သတင်းအေဂျင်စီ (၂၈ ဇွန် ၂၀၂၁)

ရေးမြို့နယ်၊ နှင်းစုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောဝင်းစိုးမြင့်အား ယမန်နေ့ညပိုင်းတွင် အမည်မသိ လက်နက်ကိုင်အုပ်စုက နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။

“ညကတည်းက ဘယ်ကမှန်းမသိတဲ့ လူ ၂ ယောက် အိမ်ကနေ သူ့ကိုလာခေါ်သွားတယ်၊ ဒီမနက်ပိုင်းက ကားလမ်းမဘေးမှာ သူ့ရုပ်အလောင်းတွေ့ရတယ်” ဟု နှင်းစုံရွာသားတစ်ဦးက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်သူ အသက် ၅၃ နှစ်အရွယ် စောထားဝယ်(ခေါ်) ဦးစောဝင်းစိုးမြင့်၏ ဦးခေါင်းတွင် သေနပ်ဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို နှင်းစုံကျေးရွာအပြင်ဘက် ရေး-သံဖြူဇရပ်ကားလမ်းမကြီးဘေးတွင် ယနေ့နံနက်စောစောပိုင်းက ရွာသားများတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီဆန့်ကျင်ဘက်အုပ်စုတစ်ခုက သတင်းပေးအဖြစ်ယူဆပြီး လက်နက်ကိုင်အုပ်စုက ဖမ်းဆီးသတ်ဖြတ်လိုက်သည်ဟု ယူဆပြောဆိုမှုများရှိသော်လည်း မွန်သတင်းအေဂျင်စီ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

အလားတူ ပြီးခဲ့သည့် ဧပြီလ (၅) ရက်နေ့က ရေးမြို့နယ် မာန်အောင်ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးလည်း အသတ်ခံလိုက်ရသည်။

ထို့အပြင် ဖေဖော်ဝါရီ (၁) နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်သတင်းပေးစွပ်စွဲချက်ဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၂၀ ဝန်းကျင်ခန့် သေနတ်ဖြင့် သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းများမှ လေ့လာတွေ့ရှိရသည်။  

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts