spot_img
Friday, January 16, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဘုရားသုံးဆူမြို့ပေါ်စာသင်ကျောင်းများဝင်းအတွင်း ညပိုင်းအချိန် ဗုံး ၃ လုံးပေါက်ကွဲနောက် ယနေ့နံနက်ပိုင်းတွင် အထက်တန်းကျောင်းအဝင်ဝနေရာ ဗုံးတစ်လုံးထပ်မံပေါက်ကွဲ

    ဘုရားသုံးဆူမြို့ပေါ်စာသင်ကျောင်းများဝင်းအတွင်း ညပိုင်းအချိန် ဗုံး ၃ လုံးပေါက်ကွဲနောက် ယနေ့နံနက်ပိုင်းတွင် အထက်တန်းကျောင်းအဝင်ဝနေရာ ဗုံးတစ်လုံးထပ်မံပေါက်ကွဲ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၃၀)

    ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ပေါ်စာသင်ကျောင်းများဝင်းအတွင်း ယမန်နေ့ညပိုင်းအချိန်က ဗုံး ၃ လုံးပေါက်ကွဲပြီးနောက် ယနေ့နံနက်ပိုင်းတွင် အစိုးရအထက်တန်းကျောင်းအဝင်ဝနေရာ ဗုံးတစ်လုံးတပ်မံပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

    “မနက် ၁၀ နာရီလောက်မှာ အထက်တန်းကျောင်းပေါက်ဝ ရှေ့တည့်တည့်မှာ ထပ်ပြီးပေါက်ကွဲတယ်၊ ကြီးကြီးမားမားထိခိုက်တာမရှိဘူး၊ COVID 19 ကြော်ငြာ ဗီနိုင်းစ စုတ်ထွက်သွားတယ်၊ ညကလည်း ဗုံး ၃ လုံးပေါက်ကွဲခဲ့သေးတယ်၊ အဆောက်အဦး မှန်တွေနည်းနည်းပါးပါးကွဲတယ်၊ လူအထိအခိုက်မရှိဘူး”ဟု မြို့ခံတစ်ဦးက ဆိုသည်။ 

    ပြီးခဲ့သည့်ည ၉ နာရီခွဲအချိန်ခန့်တွင် အဆိုပါအစိုးရအထက်တန်းကျောင်း၌လည်းကောင်း၊ ည ၁၀ နာရီအချိန်ခန့်တွင် အမှတ် (၁) ရက်ကွက် မြပန်း အစိုးရမူလွန်ကျောင်းနှင့် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ရပ်ကွက်(၃) အထကကျောင်းခွဲ ဝင်းနေရာအသီးသီးတို့၌လည်းကောင်း ဗုံး ၃ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ 

    “အသံကတော့ မြေကြီးတုန်ခါသွားတာပဲ၊ သဘက်ခါ စာသင်ကျောင်းတွေဖွင့်တော့မယ် မြို့မှာက အေးချမ်းမှုမရှိသလိုပဲ ဟိုတစ်နေ့ကလည်း ကျောင်းအုပ်ဆရာမကြီး နေအိမ်ခြံထဲမှာ လက်ပစ်ဗုံးတစ်လုံး ရှာတွေ့မိတယ် ဘယ်ချိန်ကတည်းက ဘယ်သူပစ်ထားသွားတာ မသိပါဘူး” ၎င်းကဆက်ပြောသည်။

    ပြီးခဲ့သည့် မေ ၂၈ ရက်နေ့ နေလယ်ပိုင်းအချိန်းတွင် မွန်ပြည်သစ်ပါတီ တပ်ရင်း (၃) သွားရာလမ်း ဘုရားသုံးဆူမြို့ ရပ်ကွက် (၁) ရှိ အထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးခိုင်၏ နေအိမ်ခြံဝင်းအတွင်း မပေါက်ကွဲသည့်လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့သဖြင့် စစ်တပ်က သွားရှင်းလင်းခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် ဘုရားသုံးဆူမြို့ အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဗိုလ်မှူး(ငြိမ်း) ကျော်ဇင်မင်း သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ရကြောင်း သတင်းဖော်ပြပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts