Homeငြိမ်းချမ်းရေးဘီးလင်းနှင့် ကရင်ပြည်နယ်စပ်ကြားက တပ်စခန်းများ ထွက်ခွာပေးရန် ဒေသခံများ ဆန္ဒထုတ်ဖော်

ဘီးလင်းနှင့် ကရင်ပြည်နယ်စပ်ကြားက တပ်စခန်းများ ထွက်ခွာပေးရန် ဒေသခံများ ဆန္ဒထုတ်ဖော်

-

စိုင်းထွန်းစံ(၂၇ ဇန်နဝါရီ ၂၀၂၁)

မွန်ပြည်နယ် ဘီးလင်းမြို့နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ကြားက ကျေးရွာများအတွင်း တပ်စွဲထားသည့် တပ်မတော်တပ်စခန်းတွေကို အလိုမရှိတာကြောင့် ထွက်ခွာပေးဖို့ ဇန်နဝါရီ ၂၇ ရက်နေ့က ဒေသခံ ကရင်လူမျိုး ၂၀၀၀ ဝန်းကျင်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိစေလိုတာကြောင့် NCA အကောင်ထည်ဖော်ဖို့နှင့် စာချုပ်အတိုင်း စည်းမျဉ်း၊ စည်းကမ်းချက်မျာကို လိုက်နာရန် ဒေသခံပြည်သူများ လိုလားကြောင်း ပျဉ်းမပင်ဆိပ်ကျေးရွာ ဒေသခံ နော်အယ်ကဖော်က ပြောသည်။

နော်အယ်ကဖော်က”လက်ရှိဒီရွာမှာက NCA ထိုးပြီးတဲ့ချိန် မြန်မာအစိုးရဘက်ကပေါ့နော် NCA ထိုးပြီးတော့ နယ်ချဲ့လို့မရတော့ဘူး။ စစ်စခန်းလဲ တိုးချဲလို့မရတော့ဘူး အုပ်ချုပ်ရေး အနေနဲ့ဝင်တာ အုပ်ချုပ်ရေးမှုပေါ့။ ဆိုလိုချင်တာက တစ်ကဲ့စစ်မှန်တဲ့ ငြိမ်းချမ်းရေးရပြီးလို့ရှိရင် ဖွံ့ဖြိုးရေးကလာမှာပဲ အတုအယောင်တွေမလိုချင်ဘူး” ဟု ပြောသည်။

ကရင်ပြည်နယ် ဖာပွန်ဒေသမှာ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာကြောင့် ဒေသခံများ နေရပ်စွန့်ခွာရခြင်းဟာ တပ်စခန်းတွေရှိနေတာကြောင့် ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

မွန်၊ ကရင် ပြည်နယ် စပ်ကြားက ပျဉ်မာပင်ဆိပ်ကျေးရွာ၊ ကြသောင်းဆိပ်ကျေးရွာ၊ ထီဖာလို့ခီရွာ၊ ဖိုးကြားရွာ၊ လေခေါ့ထီရွာ စသည့် ကျေးရွာ ၁၁ ရွာတို့ စုပေါင်း ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ KNU တပ်မဟာ ၁ နယ်မြေအတွင်း KNU တပ်စခန်းများလည်းမရှိသည့်အတွက် တပ်မတော်နှင့် BGF တို့မှ တပ်စခန်းများကို အလိုမရှိကြောင်း ဒေသခံ နော်အုန်းကျင်က ပြောသည်။

“KNU တပ်စခန်းကတော့ နဂိုထဲကမရှိပါဘူး။ ရှိတာက သူ့နယ်နဲ့သူကို ဒါက ကရင်ရဲ့ပိုင်နက်ကို ကရင်ရဲ့ပိုင်နက်ဆိုတော့ KNU ကရှိမှဖြစ်မယ်။ တပ်စခန်းက သုံးခုရှိတယ် ရွာမှာလုံးဝမရှိစေချင်တော့တာ တပ်စခန်းကို မလိုလားဘူး။ မရှိတော့တာကို လိုလားတယ် ရှိနေတော့ရွာသားတွေနေရတာ ကျဉ်းကြပ်တယ်” ဟု ၎င်းက ပြောသည်။

ထိုဆန္ဒထုတ်ဖော်သူများက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ပါ အချက်များ အကောင်ထည်ဖော် ဆောင်ရွက်ရေး၊ နှစ်ဖက် လေးစားလိုက်နာရမည့် ပစ်ခက် တိုက်ခိုက်မှုရပ်စဲရေးဆိုင် စည်းမျဉ်း စည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် များကိုလိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ အောက်ခြေတွင် ဖြစ်ပေါ်နေသည့် ပဠိပက္ခများ အစိုးရမှ ညှိနှိုင်းဖြေရှင်းပေးရေ၊ နိုင်ငံရေးပြသနာများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရေး တို့ကို‌ ကြွေးကြော်တောင်းဆိုးခြင်း ဖြစ်သည်။

ထို့အတူ ဒေသအတွင်း လက်နက်ကိုင်ပဠိပက္ခများအား အလိုမရှိ၊ ကျေးရွာတွင်းတပ်စွဲထားသည့် တပ်စခန်းများအား အလိုမရှိ ကြောင်း စသည်တို့ကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေအတွင်း တပ်မတော် တပ်စခန်းများ ဆုတ်ခွာပေးဖို့ ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း မြစ်ကျိုးရွာမှ လေးကေကျေးရွာအထိ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts