HomeCovid 19ကိုဗစ်ကာလအတွင်း အခွန်သက်ညှာပေးစေလိုကြောင်း စားသောက်ဆိုင်လုပ်ငန်းရှင်များပြော

ကိုဗစ်ကာလအတွင်း အခွန်သက်ညှာပေးစေလိုကြောင်း စားသောက်ဆိုင်လုပ်ငန်းရှင်များပြော

-

ယဉ်ထောမွန် (၂၀ ဇန်နဝါရီ ၂၀၂၁)

ကိုဗစ် ၁၉ ကပ်ရောဂါကာလတလျှောက်လုံးတွင် ဝင်ငွေထွက်ငွေမမျှသည့်အတွက် ဌာနဆိုင်ရာများမှ အခွန်ကောက်ခံနေမှုကို လျှော့ပေါ့သက်ညှာပေးစေလိုကြောင်း စားသောက်ဆိုင်လုပ်ငန်းရှင်များက ပြောသည်။

စားသောက်ဆိုင်များက ၆ လတစ်ကြိမ်အခွန်ပေးသွင်းနေရပြီး ပေးနိုင်သည့်အချိန်ပေးသွင်းရန် ဆိုသော်လည်း အခွန်ပေးသွင်းမည့်ရက်ကျော်လွန်သွားပါက အရေးယူမှုများရှိကြောင်း သံဖြူဇရပ် Ever Green ဆိုင်ရှင် ကိုတင်မျိုးအောင်က ပြောသည်။

“အခွန်ပေးရတဲ့အတွက်ကို ကျွန်တော်တို့ ငြင်းဆိုနေတာမဟုတ်ဘူး ဒီကာလတွေမှာ လျော့ပေါ့ပြီးတော့  နားလည်စာနာပေးချင်တဲ့သဘောပါ အခုလိုကျပ်တည်းတဲ့အချိန်မှာ ဒါတွေလာပိတော့ ကျွန်တော်တို့သောကအရမ်းရောက်တယ် အိပ်လို့တောင်မပျော်ဘူး”ဟု ကိုတင်မျိုးအောင်က ဆိုသည်။

အလားတူ သက်ဆိုင်ရာသို့ အသနားခံလွှာလျှောက်ထားပြီး အခွန်ကောက်ခံမှုကို တတ်နိုင်သမျှ လုံးဝ လျှော့ချစေလိုကြောင်း မော်လမြိုင်မြို့ Poe Mon Traditional Food ဆိုင်မှ မင်းရဲမာန်က ပြောသည်။

“မနှစ်ကကျတော့ ကျွန်တောတို့အမြတ်ရဲ့ ၃ ရာခိုင်နှုန်းကို ပေးသွင်းခဲ့ရတယ် ဒီနှစ်ဆိုရင် ၆ ရာခိုင်နှုန်းလောက်ယူမယ်လို့တော့ ပြောထားတယ်၊ ဒီလို ပါဆယ်နည်းနည်းပါးပါးပဲ ရောင်းနေရတော့ ၆ ရာခိုင်နှုန်းဆိုများတာပေါ့၊ ဆိုင်ကိုပြည့်ပြည့်ဝဝဖွင့်ဖို့လည်း အဆင်မပြေသေးဘူးလေး” ဟု ၎င်းကဆိုသည်။

 ကိုဗစ် ၁၉ ကြောင့် ဆိုင်ပိတ်ထားသည့်ကာလအတွင်းတွင် လုပ်ငန်းလိုင်စဉ်အခွန်အပြင် ဝင်ငွေအခွန်၊ အမြတ်ခွန် တံဆိပ်ခေါင်းအခွန်များပါ ပေးသွင်းနေရကြောင်း  စားသောက်ဆိုင်လုပ်ငန်းရှင်များက ဆိုသည်။

 “ပုံမှန်အခွန်ကတော့လျှော့ချပေးတာတော့ မရှိသေးဘူးဗျ ၊လေလံနဲ့ပတ်သတ်တဲ့အခွန်တွေကိုတော့ လျှော့ပေးထားတာရှိတယ်၊ အခွန်နှုန်းအတိုးအလျှော့လုပ်မယ် ဆိုလည်း အထက်ကခွင့်ပြုချက်ရမှ လုပ်လို့ရမယ်”ဟု  မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုး ဦးတင်ကိုကိုက ပြောသည်။

ကိုဗစ် ၁၉ စတင်တွေ့ရှိခဲ့သည့် ပြီးခဲ့သည့်မတ်လ လကုန်ပိုင်းမှစတင်ကာ စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ရခဲ့ရကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်နေ့မှစတင်၍ ပုံမှန်ရောင်းချခွင့်ပြုသော်လည်း ပြန်လည်နလံမထူနိုင်သည့် အသေးစား စားသောက်ဆိုင်လုပ်ငန်းများစွာ ရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts