Homeသတင်းမူးယစ်ဆေးဝါးကဒုံစီးရွာထိပ်တွင် လူငယ်တစ်ဦးထံမှ WY မူးယစ်ဆေးပြားနှင့် ICE ဖမ်းဆီးရမိ

ကဒုံစီးရွာထိပ်တွင် လူငယ်တစ်ဦးထံမှ WY မူးယစ်ဆေးပြားနှင့် ICE ဖမ်းဆီးရမိ

-

မွန်သတင်းအေဂျင်စီ (၂၀ ဇန်နဝါရီ ၂၀၂၁)

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ-တရနာကျေးကားလမ်းပေါ်ရှိ ကဒုံစီးရွာထိပ်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့  နေ့လယ်ပိုင်းအချိန်က ဆိုင်ကယ်မောင်းနှင်လာသူ လူငယ်တစ်ဦးထံမှ WY မူးယစ်ဆေး ၂၇၅ ပြားနှင့် ICE မူးယစ်ဆေးဝါ (၀ ဒဿမ ၄) ဂရမ် ဖမ်းဆီးရမိကြောင်း ကျိုက်မရောမြို့မရဲစခန်းမှ သတင်းရရှိသည်။

ကျိုက်မရောမြို့မစခန်းမှူး ဒုရဲမှူး ကျော်ဝင်းနိုင်က”ဖမ်းတာက ခရိုင်ကအဖွဲ့တွေ သတင်းရပြီးဖမ်းကြတာပါ။ ကျနော်က ဒီကျိုက်မရောမြို့မစခန်းကို ပြောင်းရွှေ့တာဝန်ကျတာ မကြာသေးပါဘူး၊ ကျနော်အနေနဲ့လည်း ဒီမူးယစ်ဆေးဝါးနှင့်ပက်သက်တဲ့ သတင်းတွေကို စုဆောင်းပြီး ကြိုးစားဖမ်းဆီးသွားမှာပါ၊ ဒီမူးယစ်ဆေးဝါးက တမျိုးသားလုံး လူညွှန့်တုံးစေမယ့်ကိစ္စတွေပဲ၊ ဘယ်ရူထောင့်ကကြည့်ကြည့် ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ ဒီမူးယစ်ဆေးတွေကို ရသမျှသတင်းဖော်ထုတ်ပြီးတော့ ဖမ်းဆီးသွားမှာပါ”ဟု ပြောသည်။

ဝါးပျံကုန်းကျေးရွာ ဖပေါင်းကွက်သစ်နေထိုင်သူ နေထက်လင်း (အသက် ၂၂ နှစ်) ကို မော်တော်ဆိုင်ကယ်စီးလာစဉ် ပါလာသည့်မူးယစ်ဆေးဝါးများကို ရဲများဖမ်းဆီးရမိသည့်အတွက် ကျိုက်မရောမြို့မရဲစခန်းမှ မယ(ပ)၂/၂၀၂၁ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) အရ အမှုဖွင့်အရေးယူထားသည်။

“မူးယစ်ဆေးဝါးတွေဖမ်းဆီးနေတာတွေက ဘယ်လိုပြောရမလဲ ကောင်းတယ်ပေါ့နော်၊ ဒါပေမယ့် အများကြီးဖမ်းဖို့လိုပါသေးတယ်၊ ဒီမူးယစ်ဆေးဝါးတွေက ကျနော်တို့ကျိုက်မရောမြို့နယ်ထဲမှာ အလွယ်တကူ ဝယ်လို့ရနေတယ်၊ အဲ့ဒါကြောက်စရာအကောင်းဆုံးပါပဲ၊ဒီထက်အများကြီး ရှိနေပါသေးတယ်၊ ဒီထက်မက ပင်ရင်းဒိုင်ကြီးတွေကိုဖမ်းဆီးပေးပါ၊ လာရာလမ်းကြောင်းတွေကို ဖြတ်တောက်ပေးပါလို့ တောင်းဆိုချင်ပါတယ်”ဟု အမည်မဖော်လိုသော ကျိုက်မရောမြို့ခံတစ်ဦး ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts