Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းရွေးကောက်ပွဲအထူးရဲ ၁၀ ဦး မွန်ပြည်နယ်ရဲတပ်ဖွဲ့ ပြန်လည်ဝင်ရောက်

ရွေးကောက်ပွဲအထူးရဲ ၁၀ ဦး မွန်ပြည်နယ်ရဲတပ်ဖွဲ့ ပြန်လည်ဝင်ရောက်

-

စိုင်းထွန်းစံ(၂၁ ဒီဇင်ဘာ ၂၀၂၀)

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲကာလအတွင်းက ခန့်အပ်ထားသည့် အထူးရဲများထဲမှ ၁၀ ဦးကို ရဲတပ်ဖွဲ့အတွင်း ပြန်လည်ခန့်အပ်ထားကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးထံက သိရသည်။

ရွေးကောက်ပွဲကာလ အတွင်းမှာ မွန်ပြည်နယ်တွင်း အထူးရဲအင်အား ၉၇၀ ခန့် အသုံးပြုခဲ့ပြီး ထိုထဲမှ ရဲတပ်ဖွဲ့အတွင်း ဝင်ရောက်လိုသူများအနေဖြင့် အရည်အချင်းသတ်မှတ်ချက် ပြည့်ပါက ရဲတပ်ဖွဲမှာ ပြန်လည်ခန့်အပ်ထားကြောင်း ဆိုသည်။

“အရည်အချင်းသက်မှတ်ချက်ကတော့ ရိုးရိုးရဲတပ်သား လျှောက်တဲ့အတိုင်ပဲ။ အရပ်က ၅ ပေ ၂။ ၈ တန်းအောင်ပေါ့။ ကိုယ်အလေးချိန်က အနည်းဆုံးပေါင် ၁၀၀ ရှိရမယ်။ ထိုးကွင်းတို့ ဆေးမှင်တွေပါလို့လည်း မရဘူး။ သာမန်ရဲတပ်သားခေါ်တဲ့ အတိုင်းပါပဲ” ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး မျိုးအောင် ကပြောသည်။

ရွေးကောက်ပွဲ အထူးရဲများသည် ရွေးကောက်ပွဲကာလ အတွင်းက မဲရုံလုံခြုံရေးတာဝန်များကို ဆောင်ရွက်ရတာဖြစ်ပြီး မဲရုံတစ်ရုံတွင် အထူးရဲတစ်ဦးနှုန်း ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲကာလ အတွင်း မဲရုံပေါင်း ၉၇၃ ရုံရှိတာကြောင့် အထူးရဲတပ်ဖွဲ့ဝင် ၉၇၀ ကျော်ခန့်အပ်ထားခဲ့ ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts