Homeငြိမ်းချမ်းရေးလူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေး ရေးမြို့တွင် KNU နှင့် မွန်ပြည်သစ်ပါတီ မြို့နယ်အဆင့်တာဝန်ရှိပုဂ္ဂိုလ်များ ဆွေးနွေးညှိနှိုင်း

လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေး ရေးမြို့တွင် KNU နှင့် မွန်ပြည်သစ်ပါတီ မြို့နယ်အဆင့်တာဝန်ရှိပုဂ္ဂိုလ်များ ဆွေးနွေးညှိနှိုင်း

-

ဗညာစိုင်း (ဒီဇင်ဘာ ၁၇) 

ဒေသတွင်း လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲနေမှုလျှော့ချနိုင်ရေးအတွက် ကိုင်တွယ်ဖြေရှင်းသွားရန် ကရင်အမျိုးသားအစည်းအရုံး KNU ဝင်းရေးမြို့နယ်နှင့် မွန်ပြည်သစ်ပါတီရေးမြို့နယ်(မြောက်ပိုင်း) တာဝန်ရှိသူများ ဒီဇင်ဘာ ၁၃ ရက်နေ့က ရေးမြို့ပေါ်တွင် ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။ 

အဆိုပါ ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ ရေးမြို့နယ်(မြောက်ပိုင်း) ဥက္ကဌ နိုင်ထပွေးနှင့် KNU ဝင်းရေးမြို့နယ် တွဲဖက်အတွင်းရေးမှူး ဗဒိုစောအယ်ဒါးတို့အပြင် ရေးမြို့နယ်အခြေစိုက် လူငယ်နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ တက်ရောက်ကြောင်း စုံစမ်းသိရှိရသည်။ 

 “ရေးမြို့နယ်အတွင်း သံဖြူဇရပ်-ရေးကားလမ်းအရှေ့ဖက်ခြမ်းမှာ KNU နဲ့ မွန်ပြည်သစ်တပ်ဖွဲ့တွေ လှုပ်ရှားကြတယ် အစိုးရလက်လှမ်းမမှီတဲ့နေရာတွေဖြစ်တယ် အဲဒီနေရာတွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးတာ သုံးစွဲတာကို အဓိကဖမ်းဆီးပေးဖို့၊ မွန်ဆိုရင် မွန်ကိုအပ်၊ ကရင်ဆိုရင် ကရင်ကိုအပ်၊ တချို့နေရာတွေမှာ ပူးပေါင်းကိုင်တွယ်သွားဖို့ နည်းလမ်းတွေ ညှိနှိုင်းဆွေးနွေးပါတယ်”ဟု ဆွေးနွေးပွဲတက်ရောက်နားထောင်ခဲ့သူ မင်းမွန်ထောက ပြောသည်။  

အကယ်၍ နှစ်ဖက်သဘောတူညီရရှိပြီး ဆက်လက်အကောင်အထည်ဖော်ဖြစ်ပါက ကောင်းသောရလာဒ်တစ်ခုဟု ရေးမြို့နယ်မွန်လူငယ်ကွန်ရက် ဥက္ကဌ နိုင်မြင့်ထွန်းက ပြောသည်။

“ကားလမ်းမကြီး အနောက်ဖက်မှာ အစိုးရအာဏာပိုင်တွေ အုပ်ချုပ်မှုအောက်မှာဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဝင်ဖမ်းဖို့ မဖြစ်ပါဘူး၊ KNU ဘက်က အောက်ခြေမှာ ပူးပေါင်မလှုပ်ရှားရှားဖို့ ပြောလို့လွယ်တယ်၊ မွန်ပြည်သစ်ပါတီကတော့ ဗဟိုအဆင့်အထိ အစီရင်ခံနေရတဲ့အတွက် နည်းလမ်းတော့ ရှာဖို့လိုတယ် ” ဟု နိုင်မြင့်ထွန်းက ဆိုသည်။

KNU ဝင်းရေးမြို့နယ်နှင့် မွန်ပြည်သစ်ပါတီရေးမြို့နယ်(မြောက်ပိုင်း) တာဝန်ရှိသူများ၏ ယခုတွေ့ဆုံပွဲသည် ပဏာမအဆင့်သာရှိပြီး လုပ်ငန်းများဆက်လက်အကောင်အထည်ဖော်သွားနိုင်ရန် လာမည့် ဇန်နဝါရီလအတွင် တဖန်ပြန်လည်တွေ့ဆုံဆွေးနွေးရဦးမည်ဟု ဆွေးနွေးပွဲတက်ရောက်သူများက ထံမှသိရသည်။

Photo- လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေးဆွေးနွေးပွဲ-ရေးမြို့(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts