Friday, May 8, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမော်လမြိုင်တက္ကသိုလ်တွင် 7 July အောက်မေ့ဖွယ် ဆုတောင်းပွဲပြုလုပ်

    မော်လမြိုင်တက္ကသိုလ်တွင် 7 July အောက်မေ့ဖွယ် ဆုတောင်းပွဲပြုလုပ်

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဇူလိုင် ၇)

    မော်လမြိုင် တက္ကသိုလ်တွင် 7 July အောက်မေ့သတိရဖွယ် အခမ်းအနားကို ဘာသာကြီး ၄ ရပ်ဖြင့် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မင်းသံစဉ်ဦးက ပြောသည်။

    “ဒီအခမ်းအနား လုပ်ဖြစ်တာက ၅၈ ကြိမ်တိုင်ပြီ လွန်ခဲ့တဲ့ ၇ ရက် ၇ လ ၁၉၆၂ က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပေါ့လေ အရေးတော်ပုံ တစ်ခုကို အောက်မေ့တဲ့ အခမ်းအနားကို ကျွန်တော်တို့ ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဒဘာသာ နောက်ပြီး ဟိန္ဒူ ဘာသာကြီး ၄ ရပ်နဲ့ ဆုတောင်းပွဲကျင်းပခဲ့တယ်” ဟု ၎င်းကဆိုသည်။

    ယခုလို အောက်မေ့ဖွယ် အခမ်းအနားသည် မျိုးဆက်သစ်များအနေဖြင့် ဒီမိုကရေစီ တိုက်ပွဲမှာ ကျဆုံးခဲ့သည့် ကျောင်းသားခေါင်းဆောင်တို့၏ စိတ်ဓါတ်ကို လေးစားသမှု ပြုခြင်းဖြစ်ကြောင်း မော်လမြိုင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ ပြည်ပရေးရာဆက်ဆံရေး တာဝန်ခံ ကိုခန့်ဇင်က ပြောသည်။

    “၇ ရက် ၇ လ ၁၉၆၂ ခုနှစ်မှာ ကျဆုံးခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်တွေ အာဇာနည်ခေါင်းဆောင်တွေ ကျွန်တော်တို့ နောင်တော်ကြီးတွေကို အောက်မေ့တဲ့ အခမ်းအနားနောက်ပြီးတော့ ဒီမိုကရေစီ တိုက်ပွဲမှာ ကြိုးပမ်းခဲ့တဲ့ သူတို့ရဲ့ စိတ်ဓါတ်တွေကို လေးစားသမှုပြုတဲ့ အနေနဲ့ လုပ်ရတာဖြစ်ပါတယ် လာမယ့် မျိုးဆက်သစ်တွေ အတွက် ဒီကျောင်းသားလေးတွေဆိုတာ ဒီမိုကရေစီကို တစ်ကယ့်တိုက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံ့သားကောင်းတွေပါ” ဟု ကိုခန့်ဇင်က ဆိုသည်။

    မော်လမြိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂရုံးခန်း တွင် ယနေ့ပြုလုပ်ခဲ့သည့် အောက်မေ့ဖွယ်အခမ်းအနားကို မော်လမြိုင်နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ သထုံ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂများ တက်ရောက်ခဲ့ကြပြီး ဘာသာကြီး ၄ ရပ်ဖြင့် ဆုတောင်းခြင်းအပြင် အခမ်းအနားတွင် ကဗျာ ရွတ်ဆိုခြင်း ၊ သမဂ္ဂ ဥက္ကဋ္ဌ များက မိန့်ခွန်းပြောဆိုခြင်း နှင့် ညနေပိုင်းတွင် ကျိုက်သုတ်ဘုရားတွင် ဆီမီးထွန်း ပူဇော်မှုများ ပြုလုပ်ကြမည်ဖြစ်သည်။

    Photo- မော်လမြိုင်တက္ကသိုလ် 7 July အခမ်းအနား (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks