spot_img
Saturday, December 13, 2025
More
    spot_img
    Homeငြိမ်းချမ်းရေး၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှ အကျိုးရလဒ်ကောင်းများမမြင်မိသဖြင့် မွန်ညီညွှတ်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်မည်မဟုတ်

    ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှ အကျိုးရလဒ်ကောင်းများမမြင်မိသဖြင့် မွန်ညီညွှတ်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်မည်မဟုတ်

    -

    ရန်လင်းအောင် (မော်လမြိုင်၊ ဇူလိုင် ၇)

    လာမည့်ဩဂုတ်လအတွင်း ကျင်းပပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှ အကျိုးရလဒ်ကောင်းများမမြင်မိသဖြင့် မွန်ညီညွှတ်ရေးပါတီ MUP ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်မည်မဟုတ်ကြောင်း ဗဟိုအလုပ်အမှုဆောင် နိုင်တလညီက ပြောသည်။

    နိုင်တလညီက “အခု ၂၁ ပင်လုံက လုပ်သာလုပ်နေတာပေါ့နော် သူရဲ့ အကျိုးရလဒ်က တစ်အားကို မမြင်ရသလောက်ပဲ လုပ်ဖြစ်မယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ပါတီအနေနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်မှာ မဟုတ်ပါဘူး၊ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုကော်မတီအဆင့်လောက်ပဲ တက်ရောက်ဖို့ ဆုံးဖြတ်ထားတယ်” ဟု ဆိုသည်။

    လက်ရှိတွင် ရွေးကောက်ပွဲနှင့် နီးကပ်လာနေသည်က တစ်ကြောင်း၊ Covid 19 ရောဂါ ထိန်းချုပ်မှုကာလ ဖြစ်နေသည့်အတွက် ငြိမ်းချမ်းရေး ညီလာခံကို ရွေးကောက်ပွဲပြီးမှ ပြုလုပ်သင့်သည်ဟု ပါတီအနေဖြင့် သဘောထားရှိကြောင်း နိုင်တလညီက ဆက်ပြောသည်။

    “အခု ၂၁ ပင်လုံကရလာမယ့် သဘောတူညီချက်တွေကို ဘယ်လို အသိအမှတ်ပြုမှာလဲ ဘယ်လိုအကောင်အထည်ဖော်မှာလဲ ဘယ်လောက် အကောင်အထည်ဖော်မှာလဲ ဒါတွေလည်း မရှိဘူးလေ ထွက်ပေါ်လာမယ့် ရလဒ်ကို မှန်းကြည့်တာ သိပ်ပြီးတော့ အားရစရာ မရှိပါဘူး” ဟု ၎င်းကဆိုသည်။

    အလားတူ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က NCA ဖြစ်စဉ်အရ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းမရှိသည့်အတွက် ယခုငြိမ်းချမ်းရေးညီလာခံကို အဖြစ်သဘောလောက်သာကျင်းပဖြစ်လိမ့်မည်ဟု ယူဆရကြောင်း မွန်သတင်းအေဂျင်စီနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

    ဦးသန်းစိုးနိုင်က “ကျနော်တို့ ပင်လုံလုပ်ငန်းစဉ်၊ NCA လုပ်ငန်းစဉ်အရ ပြောရလို့ရှိရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ပြီးတော့မှ အဲက တက်လာတဲ့အဖွဲ့တွေက အချက်အလက်တွေကို ဆွေးနွေးရမှာဗျ၊ ဒါပေမယ့် အခုဟာက အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေလည်း မလုပ်နိုင်တဲ့အခါကျတော့ UPDJC ထဲမှာ ညှိနှိုင်းပြီးတော့မှ ကျွန်တော်တို့ ဘာတွေ ဆွေးနွေးမယ်ဆိုတာ ဘာညာဆိုတဲ့ကိစ္စ လုပ်ကြလိမ့်မယ်ထင်ပါတယ်၊ အဲအခါကြတော့ အရေးကြီးပြီးတော့ ဆုံးဖြတ်ကြတဲ့ ငြိမ်းချမ်းရေးအတွက် အကျိုးရှိတဲ့ အချက်အလက်တွေ ကျွန်တော်ထင်တာ သိပ်ပါမယ် မထင်ပါဘူး အဖြစ်သဘောလောက်ပဲ ဖြစ်မယ်လို့ ထင်တယ်”ဟု သုံးသပ်သည်။

    ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလဖြစ်နေသည့်အတွက် အဆိုပါ ငြိမ်းချမ်းရေးညီလာခံကျင်းပသည့်အခါ တက်ရောက်မည့်ကိုယ်စားလှယ်အရေအတွက်ကိုလည်း  ယခင်ဦးရေထက်သုံးပုံနှစ်ပုံသို့ လျှော့ချထားသည်ဟု သတင်းရရှိသည်။

    ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇူလိုင်လဒုတိယအပတ်က နောက်ဆုံးကျင်းပခဲ့ရာတွင် ၂၀၂၀ ရွေးကောက်ပွဲမကျင်းပမီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၃ ကြိမ်ကျင်းပရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သော်လည်း တပ်မတော်နှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်များအကြား တစ်ဆို့မှုများကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ 


    Photo- မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီ (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts