spot_img
Monday, January 20, 2025
More
    spot_img
    Homeသတင်းအနန်းကွင်းတွင် အစိုးရစစ်သား ၂ ဦးက ရွာသား ၈ ဦးကိုပစ်သတ်မှုဖြစ်ပွား

    အနန်းကွင်းတွင် အစိုးရစစ်သား ၂ ဦးက ရွာသား ၈ ဦးကိုပစ်သတ်မှုဖြစ်ပွား

    -

    မွန်သတင်းအေဂျင်စီ(ဧပြီ ၆)

    သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းမပေါ်ရှိ အနန်းကွင်းကျေးရွာ၌ ဧပြီလ ၄ ရက်နေ့ နံနက်စောေစောပိုင်းတွင် အစိုးရစစ်သား ၂ ဦးက ရွာသား ၈ ဦးကိုပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

    ခလရ (၃၃၉) တပ်သားနှစ်ဦးသည် နံနက်(၀၃:၃၀)အချိန်ခန့်တွင် ဆိုင်ကယ်တောင်းစီးရာမှ အငြင်းပွားပြီး အနန်းကွင်းကျေးရွာအတွင်း နေထိုင်သည့် အရပ်သား (၈)ဦးအား ပစ်သတ်ခဲ့ကြောင်း ကျိုက်မရော/မုဒုံသတင်းစုံ Facebook က သတင်းဖော်ပြသည်။

    ထိုနောက် အနန်းကွင်းအခြေစိုက် စစ်ဗျူဟာရုံးမှ တပ်သားမြင့်ဝေကို ဖမ်းဆီးမိ၍ ကြာအင်းဆိပ်ကြီးမြို့သို့ ယမန်နေ့တွင် ပို့ဆောင်ခဲ့ပြီး တပ်သားြငိမ်းချမ်းအား အပူတပြင်းဆက်လက်ရှာဖွေလျှက်ရှိသည်။

    ပစ်သတ်ခံမှုကြောင့် သေဆုံးသူများတွင် စောနောင်(၄၃) နှစ်၊ စိုးနောင်(၃၈) နှစ်၊ မျိုးနောင်(၃၅) နှစ် ၃ ဦးတို့မှာ ညီအစ်ကိုယ်ဟုယူဆရပြီး ဒေါ်မိရှမ်း(၃၈) နှစ်၊ မိပို(၃၆) နှစ်၊ အသက် ၅ နှစ်အောက် ခလေး ၃ ဦးပါဝင်သော မိသားစုဝင် ၂ စုဖြစ်ကြသည်။

    အဆိုပါ မိသားစုဝင်တို့သည် အနန်းကွင်းတိုက်နယ်ဆေးရုံနှင့် မျက်နှာချင်းဆိုင်မလှမ်းမကမ်းတွင် ဝပ်ရှော့ပြင်ဆိုင်ဖွင့်လှစ်ထားသည်ဟု သိရသည်။

    အနန်းကွင်းတွင် အရှေ့အတာင်တိုင်းစစ်ဌာနချုပ် စစ်ဗျူဟာ ၁ ရုံး အခြေစိုက်လျက်ရှိသည်။


    Photo-ပစ်သတ်ခံရသူများ၏ အလောင်းများ(ကျိုက်မရော/မုဒုံသတင်းစုံ)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,200SubscribersSubscribe
    spot_img

    Latest posts