Homeသတင်းနှစ်ပါတီပေါင်းစည်းမှု အမြန်ဆုံးအကောင်အထည်ဖော်မည်ဟု မွန်နှစ်ပါတီပူးတွဲကြေညာ

နှစ်ပါတီပေါင်းစည်းမှု အမြန်ဆုံးအကောင်အထည်ဖော်မည်ဟု မွန်နှစ်ပါတီပူးတွဲကြေညာ

-

တရားဝင်နိုင်ငံရေးလမ်းကြောင်းပေါ်တွင် တည်ရှိနေသည့် မွန်နှစ်ပါတီသည် ပေါင်းစည်းမှုအထမြောက်စေရန် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း (၇၁) ကြိမ်မြောက်မွန်အမျိုးသားနေ့ နှစ်ပါတီပူးတွဲကြေညာချက်တွင်ဖော်ပြထားသည်။

မွန်နှစ်ပါတီ ပူးတွဲကြေညာချက်(Copy)

ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရမည့်အချိန်၊ မွန်လူထုများအကြား နိုင်ငံရေးသဘောသဘာဝကို နားလည်ရန်၊ မွန်ပါတီကိုသာမဲပေးဖို့ အမြင်ဝေဝါးယောင်မှားခြင်းမရှိစေရန်နှင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအမှားမျိုး ထပ်မံမဖြစ်ပေါ်စေရန် တိုက်တွန်ထားသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP တို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့တွင် ပထမအကြိမ်ပူးတွဲကြေညာချက်ထုတ်ခြင်းဖြစ်ကြောင်း၊ ယခုနှစ် ကျရောက်မည့်မွန်အမျိုးသားနေ့ကို ထူးခြားသည့်ဝိသေသနှင့် ကြိုဆိုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်နိဒါန်းတွင် ရေးသားထားသည်။
သို့ရာတွင် မည်သည့်အချိန်ကာလတွင် နှစ်ပါတီပေါင်းစည်းမှုအထမြောက်မည်ကို Road Map ဖြင့် အတိအလင်း ရေးသားဖော်ပြခြင်းမရှိသဖြင့် လူမှုကွန်ယက် Facebook အင်တာနက်စာမျက်နှာပေါ်တွင် အဆိုပါမွန်နှစ်ပါတီအား ဝေဖန်မှုများတိုးများလာသည်ကို တွေ့ရှိရသည်။

မွန်တို့၏ ဟံသာဝတီနေပြည်တော် တည်ထောင်ခဲ့သည့် တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကို အစွဲပြုပြီး မွန်အမျိုးသားနေ့ကိုသတ်မှတ်ကျင်းပခဲ့ရာ ယခုနှစ်အင်္ဂလိပ်ပြက္ခဒိန်အရ ဖေဖော်ဝါရီ(၁) ရက်နေ့တွင် ကျရောက်မည်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts