Wednesday, May 13, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်နှင့် ဘီးလင်းတွင် စားသုံးရန်မသင့်သည့် စားသောက်ကုန်များ စစ်ဆေးတွေ့ရှိ

    မော်လမြိုင်နှင့် ဘီးလင်းတွင် စားသုံးရန်မသင့်သည့် စားသောက်ကုန်များ စစ်ဆေးတွေ့ရှိ

    -

    မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ဘီးလင်းမြို့ရှိ ဈေးကွက်များတွင် တားမြစ်ဆိုးဆေး သုံးထားသည့် ငါးပိနှင့် ဖော်မလင်သုံးထားသည့် ပဲသွေးတို့ကို စစ်ဆေးတွေ့ရှိသည်ဟု မွန်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနထံမှ သိရသည်။

    ဈေးကွက်တွင် ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်များ ဘေးဥပါဒ် ကင်းရှင်းမှုရှိ မရှိ၊ အလှကုန်များကို စစ်ဆေးခဲ့ရာ မော်လမြိုင်မြို့ဈေးနှင့် Ocean Super Center တွင် ဖော်မလင်သုံးထားသည့် ပဲသွေးနှင့် ဘီးလင်းမြို့ဈေးတွင် တားမြစ်ဆိုးဆေး သုံးစွဲထားသည့်ငါးပိများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

    ငါးပိများ(Internet)

    ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် စားသောက်ကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းအမျိုးပေါင်း ၇၀ ကျော်ကို တားမြစ်ထားသည့်ဆိုးဆေးများ အသုံးပြုထားခြင်းရှိ မရှိကို ဈေးကွက်နမူနာကောက်ယူပြီး ဓါတ်ခွဲစစ်ဆေးမှုပြုလုပ်လျက်ရှိသည်ဟု ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနထံမှ သိရသည်။

    “ငါးပိကိုတော့ ဘီးလင်းမြို့ရဲ့ ဈေးကွက်တွေမှာ တွေ့တယ်၊ ဘဲသွေးကိုတော့ မော်လမြိုင်ဈေးနဲ့ Ocean မှာ စစ်ဆေးတွေ့ရှိခဲ့တယ်၊ ကျန်တဲ့ပစ္စည်းတွေကိုလည်း စစ်ဆေးနေတယ်” ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူခင်က ပြောသည်။

    တားမြစ်ဆိုးဆေးသုံးထားသည့် ပစ္စည်းများကို စားသုံးမိပါက အော့အန်ခြင်း အစာအိမ်ရောဂါများဖြစ်ပွားခြင်း အသဲ၊ ကျောက်ကပ်၊ ကင်ဆာများ ဖြစ်ပွားလာနိုင်ကြောင်း ထိုအတူ တာရှည်ခံ ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် ဖော်မလင်ကိုလည်း ရေရှည်စားသုံးမိပါက မျက်စိနာခြင်း မျက်ရည်ယိုခြင်း အူလမ်းကြောင်းကင်ဆာဖြစ်ပွားနိုင်သည်ဟု ၄င်းက ဆက်ပြောသည်။

    ယင်းကဲ့သို့ စစ်ဆေးတွေ့ရှိပါက ပထမအကြိမ်တွင် ခံဝန်ကတိလက်မှတ်ထိုးခိုင်းပြီး ပစ္စည်း သိမ်းဆည်းခြင်း၊ ဒုတိယအကြိမ် စစ်ဆေးတွေ့ရှိပါက လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ပြောသည်။

    မွန်ပြည်နယ်ဈေးကွက်တွင် ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်များ ဘေးဥပါဒ် ကင်းရှင်းမှုရှိ မရှိ၊ အလှကုန်များတွင် တားမြစ်ထားသော ဓါတုပစ္စည်းများ ပါရှိခြင်းရှိ မရှိကို ဈေးကွက်နမူနာကောက်ယူပြီး ရွေ့လျားဓါတ်ခွဲယာဉ် (Mobile Van) ဖြင့် ဇွန်လ ၂၇ ရက်နေ့မှစတင်ကာ တိုက်ရိုက်ဓါတ်ခွဲစစ်ဆေးလျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,800SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks