Homeသတင်းမော်လမြိုင်ဘိလပ်မြေစက်ရုံ MCL ၏အရင်းကြေကာလ ၉ နှစ်ကျော်မည်

မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL ၏အရင်းကြေကာလ ၉ နှစ်ကျော်မည်

-

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသတွင် လည်ပတ်လျှက်ရှိသည့် မော်လမြိုင်ဘိလပ်မြေ စက်ရုံ (MCL) သည် ဒေါ်လာသန်း (၄၀ဝ) ခန့် ရင်းနှီးမြှုပ်ထားသည့် အတွက်ကြောင့် (၉) နှစ်ကျော်မှ အရင်းကြေနိုင်မည်ဟု မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဌာန တာဝန်ရှိသူထံမှ သိရသည်။

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဌာနတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်လွင် က “သူတို့ ရေးဆွဲထားတဲ့ Proposal အရဆိုရင် အရင်းကြေဖို့ဆိုရင် ၉ နှစ်နဲ့ ၆ လကြာမှာ ဖြစ်တယ်၊ အကြောင်းတစ်ခုခုကြောင့် စက်လည်ပတ်မှု ရပ်ဆိုင်းခဲ့ရင် အဲဒီထက်ကြာနိုင်မယ်” ဟု ပြောသည်။

မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL
စာချုပ်ပါသဘောတူညီချက်အရ MCL ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု အရင်းကြေပါက အမြတ်ငွေ ၂ ရာနှုန်းကို မွန်ပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့သွားမည်ဟု ဆိုသော်လည်း အစိုးရအား အပ်နှံမည်မဟုတ်ဘဲ ကုမ္ပဏီ၏သဘောဆန္ဒအတိုင်း ၎င်းငွေကို အကောင်အထည်ဖေါ်သွားမည်ဟု ဦမြင့်လွင်က ဆက်ပြောသည်။

သို့ရာတွင် မည်သည့်နှစ်ကာလတွင် MCL ဘိပ်လပ်မြေစက်ရုံအရင်းကြေမည်ကို မည်သူမှအဖြေ မပေးနိုင်ကြောင်း၊ စာချုပ်သက်တမ်းကလည်း အနှစ် (၅၀) ဖြစ်ကြောင်း ကျိုက်မရော မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန်က ဆိုသည်။

မင်းအောင်မွန်က “အရင်း ဘယ်တော့ကြေမလဲဆိုတာ ကုမ္ပဏီက အချိန်တိတိကျကျ ပြောမထားပါဘူး။ ကုမ္ပဏီပြောတာက ဒေသဖွံ့ဖြိုးရေးအတွက်ကို အစိုးရကို ပေးသွင်းထားတယ်။ လမ်းတွေကို ၎င်းတို့ကိုယ်တိုင် လုပ်ထားတာလည်းရှိတယ်” ဟု ဆိုသည်။

ဒေသဖွံ့ဖြိုးရေးအတွက် အမြတ်ငွေ ၂ ရာနှုန်းကို ကုမ္ပဏီအနေဖြင့် မွန်ပြည်နယ်အစိုးရထံ ပေးသွင်းသင့်ကြောင်းနှင့် ထိုအမြတ်ငွေ ၂ ရာနှုန်းကိုလည်း မွန်ပြည်နယ်အစိုးရကသာ စီမံခန့်ခွဲသင့်ကြောင်း မင်းအောင်မွန်က ဆက်ပြောသည်။

MCL စက်ရုံးအနီးရှိ ကွန်ငန်းရွာခံ နိုင်အောင်သိုက်က “ကျေးရွာဖွံ့ဖြိုးရေးအတွက်မဆိုထားနဲ့ သူတို့သွားနေကျ ကျနော်တို့ ရွာရဲ့ လမ်းကိုတောင်မှ သူတို့မပြင်ပေးဘူး” ဟု ဆိုသည်။

လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေး အတွက် ၂၀၁၄ ခုနှစ်တွင် သိန်း (၆၂၀) ကျပ်ကိုလည်းကောင်း၊ ၂၀၁၅ ခုနှဝ်တွင် သိန်း (၁၆၇၅၆) ကျပ်ကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် သိန်း (၃၂၃၈) ကျပ်ကိုလည်းကောင်း၊ ယခု ၂၀၁၇ ခုနှစ်တွင် သိန်း (၃၃၈၇) ကျပ်ကိုလည်းကောင်း မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL မှ သုံးစွဲခဲ့သည်ဟု မွန်ပြည်နယ်အစိုးရက လွှတ်တော်အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

ထိုင်းနိုင်ငံ၏အထင်ရှားဆုံး Siam Cement Group-SCG ကုမ္ပဏီနှင့် မြန်မာနိုင်ငံတွင် အခြေချသော Pacific Link Cement ကုမ္ပဏီတို့ ပူပေါင်းတည်ဆောက်ခဲ့သည့် MCL စက်ရုံသည် ပြီးခဲ့သည့်ဧပြီလ (၁) ရက်နေ့မှစပြီး တနေ့လျှင် ဘိလပ်မြေ တန်ချိန် ၅၀ဝ၀ စီးပွားဖြစ် စတင်ထုတ်လုပ်နေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts