Homeသတင်းမွန်လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ တစ်လတစ်ကြိမ်မတွေ့ဆုံနိုင်သေး

မွန်လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ တစ်လတစ်ကြိမ်မတွေ့ဆုံနိုင်သေး

-

မွန်ပြည်နယ်အတွင်း လုပ်ငန်းကိစ္စအဝဝဆောင်ရွက်ရာတွင် အပြန်အလှန်တိုင်ပင်ဆွေးနွေးနိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ တစ်လတစ်ကြိမ် တွေ့ဆုံမည့်ရက်နေ့ မသတ်မှတ်နိုင်သေးကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးမှ သိရသည်။

ဒေါက်တာအောင်နိုင်ဦးက “ဇူလိုင် (၁၈)ရက်နေ့က ပထမဆုံးအကြိမ်အနေနဲ့ တွေ့ဆုံဖို့စီစဉ်ထားတယ် ဒါပေမဲ့ အခက်အခဲရှိသွားတော့ မတွေ့ဆုံဖြစ်ဘူး၊ ဒီနေ့အထိက ဘယ်နေ့မှာ တွေ့ဆုံဖို့က မဆုံးဖြတ်ရသေးဘူး၊ ကျွန်တော်နဲ့ ဝန်ကြီးချုပ် တိုင်ပင်ပြီးမှ ဆုံးဖြတ်သွားမယ်၊ ဆုံးဖြတ်ရင်လည်း လတိုင်းဒီရက်ကိုပဲ အတိအကျချလို့တော့မရဘူး အားလုံးနဲ့အဆင်ပြေမဲ့ရက်ကိုပဲ စီစဉ်ရမယ်” ဟု ပြောသည်။

မွန်ပြည်နယ်လွှတ်တော်(MNA)
မွန်ပြည်နယ်လွှတ်တော်(MNA)

လွှတ်တော်ကိုယ်စားလှယ်များမှ တင်ပြနိုင်ရန်၊ မေးခွန်းများကိုလည်း အလွတ်သဘောအဖြစ် မေးမြန်းနိုင်ရန်၊ လုပ်ငန်းဆောင်ရွက်အပိုင်း၌ ညှိနှိုင်းတိုင်ပင်နိုင်ရန်အတွက် တစ်လတစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

“အစိုးရအဖွဲ့ဘက်က သူ့အလုပ်သူလုပ်၊ လွှတ်တော်ဘက်က သူ့အလုပ်သူလုပ်၊ လွှတ်တော်အစည်းအဝေးကြီးကျမှ တွေ့ဆံကြုရတော့ တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲနိုင်တယ်၊ အခုက အဲ့ဒီလိုမဖြစ်အောင် မကြာမကြာတွေ့ဆုံနေမှ အဆင်ပြေနိုင်မယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ ထိုသို့တစ်လတစ်ကြိမ်တွေ့ဆုံရန် တောင်းဆိုခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဘက်မှလည်း သဘောတူညီခဲ့သော်လည်း တွေ့ဆုံမည့်ရက်ကိုသာ အတိအကျ မသတ်မှတ်နိုင်သေးပေ။

“အတူတူတိုင်ပင်လာရင် ကောင်းတာပေါ့ ၊ တစ်ဦးတစ်ယောက်ရဲ့အမြင်မဟုတ်တော့ဘဲ၊ လူအများဆီက အကြံဉာဏ်များများရလာတော့ ရှေ့ဆက်လုပ်ဆောင်သွားဖို့ ပိုပြီးအဆင်ပြေသွားမယ်လို့ပဲမြင်တယ်” ဟု လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန မွန်ပြည်နယ်ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြောသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ပြည်နယ်အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံရန် ရက်အတိအကျ သတ်မှတ်ထားခြင်းမရှိသော်လည်း အခါအားလျှော်စွာ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts