Homeအယ်ဒီတာ့အာဘော်“ပင်လုံ” မှ “၂၁ ရာစုပင်လုံ”သို့

“ပင်လုံ” မှ “၂၁ ရာစုပင်လုံ”သို့

-

ကချင်၊ ချင်း၊ ရှမ်း (တောင်တန်းဒေသ)တိုင်းရင်းသားများနှင့် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာနိုင်ငံတော်အစိုးရ(ပြည်မ)တို့ ပင်လုံမြို့၌ ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသည်။

ပင်လုံစာချုပ်ကျောက်တိုင်(Internet)
ပင်လုံစာချုပ်ကျောက်တိုင်(Internet)

ပင်လုံစာချုပ်ကြောင့် အင်္ဂလိပ်ကိုလိုနီလက်အောက်မှ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် စတင်ပေါ်ထွန်းလာခဲ့သည်။

လွတ်လပ်ရေးရရှိပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး စတင်ပေါ်ထွန်းချိန်မှစ၍ အုပ်ချုပ်သူဗမာအစိုးရအဆက်ဆက်တို့ ပင်လုံစာချုပ်ကိုပစ်ပယ် (ဝါ) ကတိကဝတ်များ အကောင်အထည်မဖော်ခဲ့မှုကြောင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ပုန်ကန်မှုများ(ဝါ) ပြည်တွင်းစစ် ပေါ်ပေါက်လာရသည်။

အနှစ် ၇၀ နီးပါးခန့်ဖြစ်ပေါ်လာခဲ့သော ပြည်တွင်းစစ်မီးကြောင့် နိုင်ငံရေးမတည်မငြိမ်မှုများမှအစ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားကဏ္ဍအသီးသီးများစွာတို့ အဘက်ဘက်ယိုယွင်းပျက်စီးလာသဖြင့် သယံဇာတမျိုးစုံပေါကြွယ်သော၊ ချမ်းသာကြွယ်ဝခဲ့သော မြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်တွင် အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် ဖြစ်နေရသည်။

သို့ရာတွင် လက်နက်ကိုင် တော်လှန်ပုန်ကန်မှုများ အမြစ်ပြတ်ချုပ်ငြိမ်းစေရန် ချေမှုန်းနိုင်စွမ်းမရှိသကဲ့သို့ တော်လှန်ပုန်ကန်သူဘက်ကလည်း အစိုးရကို အောင်မြင်နိုင်ခြင်း မရှိပေ။

အရင်းစစ်ကြည့်သောအခါ “ပင်လုံ”ကို ပြန်လည်သတိရကြ၊ ပင်လုံအကြောင်း ထပ်ခါအလီလီပြောဆိုနေကြ၊ တကြော့ပြန်လည်တမ်းတကြသောအခါ ၂၁ ရာစုသို့ပင် ကူးပြောင်းရောက်ရှိသွားလေပြီ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts