Tuesday, May 12, 2026
More
    spot_img
    Homeသတင်းအစိုးရကျောင်း မွန်စာပေသင်ကြားမှု ဇွန်လကုန်မှ ပြည်နယ်ပညာရေးမှူးရုံးသို့စာရင်းပေးပို့ရမည်ဟုဆို

    အစိုးရကျောင်း မွန်စာပေသင်ကြားမှု ဇွန်လကုန်မှ ပြည်နယ်ပညာရေးမှူးရုံးသို့စာရင်းပေးပို့ရမည်ဟုဆို

    -

    အစိုးရကျောင်းများတွင် တိုင်းရင်းသားဘာသာ (မွန်) စာပေသင်ကြားည့် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူနှင့် စာသင်ကျောင်းများ စာရင်းကို ဇွန်လကုန်မှသာ မွန်ပြည်နယ် ပညာရေးမှူးရုံးသို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

    နွေရာသီမွန်စာပေသင်တန်း ကျောင်းသားများ(MNA)
    နွေရာသီမွန်စာပေသင်တန်း ကျောင်းသားများ(MNA)

    မွန်ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုးတင့်အောင်က “အရင်ကတော့ ဆရာ့ပြည်နယ်ရုံးမှာ ၁၀ ရက်နေ့အရောက်လို့ ပြောထားပေမယ့် အခုက အဆင်သင့် မဖြစ်သေးဘူးလေ၊ အဲဒါကြောင့် ဒီလကုန်မှ စာရင်းတွေကို ပြန်ပေးနိုင်ဖို့အတွက်ကို အဲဒါကို ပြင်ထားခိုင်းလိုက်တယ်” ဟု ပြောသည်။

    ဇွန်လကုန်တွင် စာရင်းများပေးပို့ပြီး မြို့နယ်အလိုက် စာရင်းတင်သွင်းပြီးပါက အဆင်သင့်ဖြစ်လျှင် တိုင်းရင်းသားစာပေကို သင်ကြားနိုင်ပြီ ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    တိုင်းရင်းသားစာပေ သင်ကြားရေး ကိစ္စနှင့် ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပညာရေး ဝန်ထမ်းများက တာဝန်ယူဆောင်ရွက် နေကြောင်း သိရသည်။

    သို့ရာတွင် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့တွင် မော်လမြိုင်ခရိုင် ပညာရေးမှူးရုံး၏ (၂၆.၅.၂၀၁၆) ရက်စွဲဖြင့် မုဒုံမြို့နယ်အတွင်း တိုင်းရင်းသား (မွန်) စာပေ သင်ကြားလိုသည့်ကျောင်းများသည် ၂.၆.၂၀၁၆ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမည်ဖြစ်ပြီး သတ်မှတ်ရက် ကျော်လွန်မှ ပေးပို့လာသော ကျောင်းများစာရင်းကို (လုံးဝ) လက်ခံဆောင်ရွက် ပေးမည် မဟုတ်ကြောင်း မုဒုံမြို့နယ် ပညာရေးမှူးရုံးမှ ထုတ်ပြန်ထားသည်။

    မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ အဖွဲ့ဝင် နိုင်မွန်ရာဇာ က “ တိုင်းရင်းသားဘာသာ မွန်စာပေ သင်ကြားမှုစာရင်းနဲ့ ပတ်သက်ပြီးတော့ မုဒုံမြို့နယ် ပညာရေးမှူးရုံး စာထုတ်ထားတာက မွန်စာပေသင်ကြားတဲ့ ကျောင်းစာရင်းတွေကို ဇွန်လ ၂ ရက်နေ့မှာ အပြီး ပေးပို့ရမယ်၊ သတ်မှတ်ရက်ထက် နောက်ကျရင် လုံးဝ လက်မခံဘူးဆိုတော့ သူတို့ဘက်က တာဝန်မယူတဲ့သဘော သက်ရောက်နေတယ်ပေါ့၊ အချိန်နည်းလွန်းတယ်၊ ဘယ်လိုမှ အချိန်မမှီနိုင်ဘူး” ဟု ပြောသည်။

    ပြီးခဲ့သည့် ပညာသင်နှစ်တွင် တိုင်းရင်းသာစာပေ သင်ကြားနေကြသည့် ဆရာ/ ဆရာမများ၏ ထောက်ပံ့ကြေး မှာ တစ်လလျှင် ၃ သောင်းကျပ်ဖြင့်သာ ရရှိနေပြီး ၂၀၁၆-၂၀၁ရ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘတ်ဂျက် ပိုမိုရရှိပါက တိုး၍ ထောက်ပံ့သွားမည် ဖြစ်ကြောင်း၊ ထောက်ပံ့ကြေးကိုလည်း လစဉ်ပုံမှန် ထုတ်ပေးနိုင်ရန် ပြည်ထောင်စု ပညာရေးဝန်ကြီ နှင့် ညှိနှုိင်း တင်ပြထားပြီဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းက ပြီးခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၆) ဒုတိယနေ့တွင် ပြောကြား ခဲ့သည်။

    မွန်ပြည်နယ်တွင် တိုင်းရင်းသားစာပေကို ၂၀၁၃ ခုနှစ်ကတည်းက မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသား စာပေ သင်ကြားလျှက်ရှိနေပြီး သင်ကြားသည့် ဆရာ/ ဆရာမ များအနေဖြင့် ထောက်ပံ့ကြေးကို လစဉ် ပုံမှန်မရဘဲ ပညာသင်နှစ် ကုန်ဆုံးမှသာလှျင် တစ်ပေါင်းတည်းပေးအပ်ခဲ့ကြောင်း သိရသည်။

    မွန်ပြည်နယ်ရှိ တိုင်းရင်းသားဘာသာ (မွန်) စာပေ သင်ကြားနေသည့် စာသင်ကျောင်း ၂၅၈ ကျောင်း၊ အစိုးရဝန် ထမ်း ဆရာ/ ဆရာမ ၂၀၆ ဦး၊ ပြင်ပမွန်ဆရာမ ၂၈၁ ဦးရှိပြီး ကျောင်းသား/ ကျောင်းသူပေါင်း သုံးသောင်းနီး ပါးရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks