Homeသတင်းရေးမြို့နယ်တွင် မူးယစ်ဆေးပြားများဖမ်းဆီးရမိ

ရေးမြို့နယ်တွင် မူးယစ်ဆေးပြားများဖမ်းဆီးရမိ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စု (၃၉) ပူးပေါင်းအဖွဲ့သည် အာယုတောင်ကျေးရွာအဝင်လမ်းဝ၊ ရွာကလေးရွာတွင် ဇွန်လ ၅ ရက်နေ့နံနက်ပိုင်းက ဒေါ်တင်ရီနေအိမ်၌ မူးယစ်ဆေးဝါး ၁၆၉ ပြား ရှာဖွေဖမ်းဆီးရမိသည်ဟု မူယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စု (၃၉) ရေး(MNA)
မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စု (၃၉) ရေး(MNA)

မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စု (၃၉) တပ်ဖွဲ့စုမှုး ဒုရဲမှုး သန်းဇော်က “အဲဒီရွာကို သွားတာ ကျနော်တို့ တပ်ဖွဲ့ထဲမဟုတ်ဘူး။ တခြားပူးပေါင်းအဖွဲ့တွေလည်းပါတယ်။ နယ်ထိန်းတွေလည်း ပါတယ်။ တရားခံကိုတော့ အမှုဖွင့်ထားတယ်” ဟု ဆိုသည်။

အဆိုပါဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမှုကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော (မူး-စိတ်) ပုဒ်မ ၁၅/၁၉က/၂၁ နှင့် ရေးမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု (၃၉)၊ ရေးမှ သိရသည်။

မေလ ၂၀ ရက်နေ့တွင်လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု (၃၉)၊ ရေး တပ်ဖွဲ့စုမှုး ဒုရဲမှုး သန်းဇော်နှင့် ပူးပေါင်းအဖွဲ့သည် ရေးမြို့နယ်၊ ကျောင်းရွာတိုက်နယ်၊ ကံလှရွာတွင် ဦးဘိုဘို ဆိုသူမှ မူးယစ်ဆေးဝါး ၄၂၈ ပြား ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts