Homeသတင်းအဖမ်းဆီးခံမွန်ပြည်သစ်ပါတီ သိုးမွေးမြူရေးခြံအလုပ်သမား (၅) ဦး ပြန်လည်လွတ်မြောက်

အဖမ်းဆီးခံမွန်ပြည်သစ်ပါတီ သိုးမွေးမြူရေးခြံအလုပ်သမား (၅) ဦး ပြန်လည်လွတ်မြောက်

-

ရေးမြို့နယ် ကော့ကွန်းလုံကျွန်းပေါ်ရှိ မွန်ပြည်သစ်ပါတီ သိုးမွေး

ကော့ကွန်းလုံကျွန်း(Google Earth)
ကော့ကွန်းလုံကျွန်း(Google Earth)
မြူရေးခြံအလုပ်သမား (၅) ဦးအား တပ်မတော်ရေတပ်ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှ မေလ ၁ရ ရက်နေ့က ပြန်လည်လွှတ်ပေးလိုက်ပြီဟု ကာယကံရှင်မိသားစုထံမှ သိရသည်။

ရေးမြို့နယ်၊ အံဒင်ကျေးရွာအနောက်ဖက်ရှိ ကော့ကွန်းလုံကျွန်းပေါ် သိုးမွေးမြူရေးခြံအလုပ်သမား အံဒင်ရွာသား (၂) ဦးနှင့် ရွှေ့ပြောင်းအလုပ်သမား (၃) ဦးတို့အား မေလ ၁၅ ရက်နေ့တွင် ရေတပ်မှဖမ်းဆီးခေါ်ဆောင်သွားပြီး ရေးမြို့အခြေစိုက် စကခ အမှတ် (၁၉) တွင် ထိန်းသိမ်းထားရာမှ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

အဖမ်းဆီးခံခဲ့သူ နိုင်မင်းဇော်၏ဖခင် နိုင်မောင်ရှင်က “ဘာ့ကြောင်းဖမ်းတာလဲကိုတော့ ကျနော်တို့ အခုထိ ဘာမှ မသိရသေးဘူး။ အခုပြန်လွတ်လာတာက ဒီညနေ (၄) နာရီလောက်က ပြန်လွတ် လာတာလို့ပဲ သိရတယ်” ဟု ဆိုသည်။

ရေးမြို့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးအနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများသည် ရိုးသားသူဖြစ်ကြောင်း၊ မိမိတို့လုပ်ငန်းတွင် အမှန်တကယ် အလုပ်လုပ်ရန် ငှားရမ်းထားကြောင်း ခံဝန်လက်မှတ်ရေးထိုးခဲ့ရသည်ဟု နိုင်မောင်ရှင်က ဆက်ပြောသည်။

သို့ရာတွင် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်တာဝန်ရှိသူတစ်ဦးက အဆိုပါဖမ်းဆီးခံရမှုမှန်ကန်ကြောင်း၊ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရသည်ကို မသိရှိရကြောင်း၊ သတင်းဌာနများသို့ အသေးစိတ်မပြောနိုင်သေးကြောင်း မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နိုင်တင့်ရှောင် က “ရွာကလူ (၅) ယောက်ပျောက်သွားတာ ဆိုတာသေချာပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ရဲထံ မတိုင်ဖြစ်ဘူး။ ဘာဖြစ်လဲဆိုတော့ စုံစမ်းကြည့်တော့ ရေတပ်က ခေါ်သွားတယ်ဆိုတာကို သိထားရတယ်” ဟု ဆိုသည်။

အဆိုပါ ကော့ကွန်းလုံကျွန်းကို အစိုးရထံမှ မွန်ပြည်သစ်ပါတီက အနှစ် (၃၀) မြေဂရမ်ရရှိထားကြောင်း နိုင်တင့်ရှောင်က ဆက်ပြောသည်။

အလားတူ ရေးမြို့နယ်အတွင်း လွန်ခဲ့သည့်သီတင်းပတ်၌ မွန်ပြည်သစ်ပါတီဝင်(၃) ဦးနှင့် အကူအညီပေးသူ ရွာအားအချို့ ဖမ်းဆီးခံထားရသည်ဟု မွန်သတင်းအေဂျင်စီက စုံစမ်းသိရှိရသော်လည်း မွန်ပြည်သစ်ပါတီထံမှ သတင်းအတည်ပြုချက်မရရှိခဲ့ပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts