Homeသတင်းMCL ဘိလပ်မြေစက်ရုံ အနှစ် ၃၀ အငှားဂရန်ဖြင့် မြေဧက ၁၃၀၀ ကျော်အသုံးပြုခွင့်ရရှိထား

MCL ဘိလပ်မြေစက်ရုံ အနှစ် ၃၀ အငှားဂရန်ဖြင့် မြေဧက ၁၃၀၀ ကျော်အသုံးပြုခွင့်ရရှိထား

-

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသတွင် အကောင်အထည်ဖော်တည်ဆောက်လှျက်ရှိသည့် မော် လမြိုင်ဘိလပ်မြေစက်ရုံ MCL သည် ကတုံစိ/ကွမ်ငန်းကျေးရွာအုပ်စုရှိ မြေဧက ၁၃၀၀ ကျော်၌ ပထမအကြိမ် အနှစ် ၃၀ အငှားဂရန်ဖြင့် အသုံးပြုခွင့်ရရှိထားပြီဖြစ်ကြောင်း သိရသည်။

အောက်မြန်မာပြည်မြို့နှင့်ကျေးရွာများ နည်းဥပဒေပုဒ်မ ၁၉၊ ၃၀၊ ၃၂ တို့ပါ ပြဌာန်းချက်များအရ ကတုံစိ/ ကွမ်ငန်း ကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၄၁၀၊ ၄၁၁၊ ၄၁၄၊ ၄၁၅)၊ ဦးပိုင်အမှတ် (-)၊ ဧရိယာ (၁၀၄၀.၅၇၊ ၁၁၂.၈၈၊ ၁၀၀.၄၉) ဧက၊ စုစုပေါင်း မြေဧက (၁၃၅၃.၉၄) ကို အနှစ် (၃၀) စက်မှု/စီးပွားအငှားဂရန်ဖြင့် ပထမအကြိမ် ချထားပေးရန် ဒေါ်စုစုခင်အမည်ရှိဆိုသူမှ လှျောက်ထားခဲ့ခြင်းဖြစ်ကြောင်း ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးရုံးမှ သိရသည်။

၂၀၁၆ ခုနှစ် ဧပြီလ ၄ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ၄င်းလှျောက်ထားချက်များအပေါ် မည်သူမဆို ကန့်ကွက်နိုင်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ကန့်ကွက် ကြော်ငြာစာကို ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ကတုံစိ/ကွမ်းငန်းကျေးရွာအုပ်ချုပ် ရေးမှုးရုံးတို့၏ ကြောငြာသင်ပုန်းများ၌ ကပ်ထားပေးခဲ့ကြောင်း ဆိုသည်။

မြေဂရန်ကန့်ကွက်ကြေညာစာ(Copy)
မြေဂရန်ကန့်ကွက်ကြေညာစာ(Copy)

မြို့နယ်အုပ်ချုပ်ရေးမှုး ဦးအောင်ထိုက်က “နောက်ဆုံးရက်အထိ လာရောက်ကန့်ကွက်တဲ့သူ တစ်ယောက်မှမရှိ ခဲ့ဘူး၊ ဒါကြောင့် သူတို့လှျောက်ထားတဲ့ဂရန်က အတည်ဖြစ်ပြီ” ဟု ဆိုသည်။

မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL အနေဖြင့် ကွမ်းငန်း/ကတုံစိကျေးရွာအကြာရှိ လယ်ယာမြေ၊ ခြံမြေများကို ၂၀ ၀၉-၂၀၁၀ ခုနှစ်တွင် စတင်ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အခြားနည်းသုံးခွင့်ပြုချက်အားလုံးပြောင်းလဲထားပြီးဖြစ်၍ ယခု နောက် ဆုံးအဆင့်ဖြစ်သည့် စက်မှု/စီးပွားလုပ်ငန်းသုံး ဂရန်မြေအဖြစ် လှျောက်ထားခြင်းဖြစ်ကြောင်း မွန်ပြည် နယ်မြေ အသုံးချမှုစီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

သို့သော် အဆိုပါ ကန့်ကွက်ကြော်ငြာစာသည် ကွမ်းငန်းကျေးရွာအုပ်ချုပ်ရေးမှုးရုံး၏ အများမြင်နိုင်သည့် ကြော်ငြာ သင်ပုန်းတွင် ကပ်ထားနိုင်ရန် အချိန်ကာလနောက်ကျပြီးမှ ရောက်ရှိခဲ့ခြင်းအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေ သည်ဟု ကွမ်ငန်းကျေးရွာသား မွန်ကျောင်းဆရာဟောင်း နိုင်အောင်စိုက်က ပြောသည်။

“အဲဒီကန့်ကွက်စာက သင်္ကြန်တက်ပြီး ၂ ရက်မြောက်နေ့လား၊ ၃ ရက်မြောက်နေ့လား (ဧပြီ ၁၈၊ ၁၉ ရက်) တော့ မမှတ်မိတော့ဘူး၊ ရုံးရဲ့ကြော်ငြာသင်ပုန်းမှာ ကပ်ပေးပါဆိုပြီး ညနေပိုင်းလောက်မှာ လူတစ်ယောက်က လာပေးသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှုးက ကျွန်တော်ကိုလာပြောတယ်၊ စာကိုဖတ်ကြည့်လိုက်တော့ သတ်မှတ်ပေးထားတဲ့ရက်က ကုန်နေပြီလေ၊ ဘာမှ လုပ်လို့မရတော့ဘူး” ဟု ၄င်းက ဆက်ပြောပြသည်။

မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ ၂၀၁၃ ခုနှစ် မေလ (၇) ရက်နေ့ ရက်စွဲပါ ခွင့်ပြုချက်အမှတ် ၅၇၂/၂၀၃၀ ဖြင့် ဆောင်ရွက်လှျက်ရှိသည့်စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် ၄င်းတို့စက်ရုံ၏ ကျောက်မီးသုံးစွမ်အင်းအသုံးပြုခြင်းကိစ္စကို ရပ်တန့်ပေးပါရန် စက်ရုံပတ်ဝန်း ကျင်ရှိ ကျေးရွာ (၇) ရွာမှ ဒေသခံပြည်သူများက ကန့်ကွက်လက်မှတ်ပေါင်း (၄၀၀၀) နီးပါးရေးထိုးကာ ၂၀၁၆ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်ဆီသို့ တောင်းဆိုထားသည်။

တည်ဆောက်ပြီးစီးလုနီးပါးဖြစ်နေသည့် တစ်နေ့လျင် ဘိလပ်မြေ တန် ၅ ထောင်ကျ မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL မကြာမီလပိုင်းအတွင်း ကျောက်မီးသွေးစွမ်းအင်ဖြင့် စတင်လည်ပတ်တော့မည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts