Homeသတင်းမွန်လူငယ်ပညာပေးရေးအဖွဲ့ နေရောင်ခြည်သုံးအလုံပိတ်မီးဖို Solar Ovens စမ်းသပ်ပြုလုပ်

မွန်လူငယ်ပညာပေးရေးအဖွဲ့ နေရောင်ခြည်သုံးအလုံပိတ်မီးဖို Solar Ovens စမ်းသပ်ပြုလုပ်

-

မွန်လူငယ်ပညာပေးရေးအဖွဲ MYEO က ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်ရှိ ၄င်းတို့၏အဖွဲ့ရုံး၌ ပြင်သစ်နိုင်ငံသားတို့၏အကူအညီဖြင့် နေရောင်ခြည်သုံး အလုံပိတ်မီးဖို

Solar Ovens ကို စမ်းသပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်း အလုံပိတ်မီးဖိုသည် ရွှေ့ပြောင်းအလုပ်သမားများ၊ ဆင်းရဲးနွမ်းပါးသူများ၊ လျှပ်စစ်မီးမရသော နေရာဒေသ တွင် ရှိသူများအတွက် ရည်ရွယ်ပြုလုပ်ထားခြင်းဖြစ်ပြီး လျှပ်စစ်ဓါတ်အားများသုံးစွဲရန်မလိုအပ်ဘဲ နေစွမ်းအင်နှင့် အသုံးပြုရကြောင်း သိရသည်။

မွန်လူငယ်ပညာပေးရေးအဖွဲ့ မင်းဉာဏ်လင်းက “ရည်ရွယ်ချက်ကတော့ ဆင်းရဲချို့တည့်တဲ့နေရာအတွက် နည်းပညာ အသစ်ပေါ့၊ မိန်းကလေးပါ ယောက်ျားလေးတွေရော မီးဖိုးချောင်မှာ အချိန်ကုန်နေရတယ်၊ ဒါကြောင့် မီးဖိုးချောင်အလုပ်နဲ့ မလုံးထွေးရအောင် ဆိုလာအိုဗမ် (Solar Oven) ရှိတယ်ဆိုတာ ပြည်သူလူထုတွေကို ချပြချင်တယ်” ဟု ပြောသည်။

၄င်းမီးဖိုးကို ဖေါ့၊ စက္ကူပါကင်၊ ရိုးရိုးမှန်၊ အလူမီနီယံပြား စသော ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး ကနဦးစမ်းသပ်မှု အောင်မြင်ခဲ့လျင် နေရာဒေသအနှံ့၌ ဖြန့်ချီသွားမည်ဖြစ်ကြောင်း မွန်လူငယ်ပညာပေးရေးအဖွဲ့ရုံမှ သိရသည်။

“အခု စမ်းသပ်တာ ရသလောက်တော့ ရနေပါပြီး အပြည့်အဝ တော့မဟုတ်သေးဘူးနော်၊ ကျနော်တို့ လိုချင်တဲ့ အနေအထားရောက်ရင် အဲဒီချိန်ကျရင် ပြောပြသွားပါမည်”ဟု မွန်လူငယ်ပညာပေးရေးအဖွဲ့ အတွင်းရေးမှုး မင်းအာနန်က ပြောသည်။


အဆိုပါမီးဖို့၏ အာသာချက်မှာ မီးစွမ်းအင်မလိုကြောင်း၊ မီးဖိုဖြင့်ချက်စရာမလိုဘဲ နေလှမ်းရခြင်းဖြစ်ကြောင်း၊ အားနည်းချက်မှာ နေရောင်ခြည်အပူချိန်နှင့်သက်ဆိုင်သဖြင့် နေပြင်းလျင် ထမင်းအကျက်မြန်ပြီး နေရောင်မပြင်းပါက ထမင်းတစ်အိုးကို ၂ နာရီခန့် ကြာမြင့်တတ်သည်ဟုလည်း ၄င်းကဆက်ပြောပြသည်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင်လည်း အဆိုပါ နေရောင်ခြည်သုံးအလုံပိတ်မီးဖို Solar Ovens ပြုလုပ်ခဲ့ပြီး ယခုအခါမွန်ပြည်နယ်ရှိ ဆင်းရဲးနွမ်းပါးသော ပြည်သူများအတွက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts