Homeသတင်းပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် မွန်နိင်ငံရေးပါတီများ ဖက်ဒရယ်တည်ဆောက်ရေးဆွေးနွေး

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် မွန်နိင်ငံရေးပါတီများ ဖက်ဒရယ်တည်ဆောက်ရေးဆွေးနွေး

-

ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် မွန်နိုင်ငံ ရေးပါတီများ၊ မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး ဖက်ဒရယ်ပြည်ထောင် စု

တည်ဆောက်ရေးနှင့် နိုင်ငံတော်လုံခြုံရေးအကြောင်းအရာများ ဆွေးနွေးတင်ပြခဲ့ကြသည်ဟု သိရသည်။

ထိုညီလာခံတွင် ပြည်ထောင်စုအဆင့်အာဏာနှင့် ပြည်နယ်အဆင့် အာဏာများကို ခွဲဝေထားရမည်ဖြစ်ပြီး ၄င်းခွဲ ဝေထားသည့်အတိုင်း ဖက်ဒရယ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်းရေးဆွဲထားရမည်ဟု ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအကြောင်း ဆွေးနွေးတင်ပြခဲ့သည့် မွန်အမျိုးသားပါတီ အထွေ ထွေအတွင်းရေးမှူး နိုင်လယီတမက ပြောပြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တက်ရောက်သော မွန်နိင်ငံရေးပါတီ ခေါင်းဆောင်များ(Kyaw Zayra Oo)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တက်ရောက်သော မွန်နိင်ငံရေးပါတီ ခေါင်းဆောင်များ(Kyaw Zayra Oo)

“ပြည်နယ်အဆင့်မှာဆိုရင် တန်တူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိရမယ်။ ကိုယ့်ပြည်နယ်အတွက် အ ခြေခံဥပဒေ ရေးဆွဲခွင့်ရှိရမယ်။ တိုင်းရင်းသားကိုအခြေခံပြီး ပြည်နယ်ဖွဲ့ရမယ်။ တိုင်းရင်းသားကို အခြေခံတဲ့ ပြည်နယ်ကလည်း နိုင်ငံရေးအာဏာ ၃ ရပ်နဲ့ပြည့်စုံရမယ်” ဟု ၄င်းက ဆက်ပြောသည်။

ထို့အတူ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့်ပတ်သက်၍ ပြည်ပစစ်ကာကွယ်ရေးနှင့် ပြည်တွင်းလုံခြုံရေး အပိုင်း နှစ်ပိုင်း ခွဲထားကာ ဆွေးနွေးတင်ပြခဲ့သည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အထွေအထွေအတွင်းရေးမှုး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

“၀န်ကြီးချုပ်လက်အောက်မှာ ဘာတွေပါလဲဆိုရင် ရဲပါမယ်၊ လုံခြုံရေးတပ်ဖွဲ့ (ပြည်သူ့စစ်လိုမျိူး)၊ တစ်ချို့လိုအပ် တဲ့ နေရာတွေမှာ နယ်ခြားစောင့်တပ်ပေါ့၊ ဒါတွေအတွက် ပြည်နယ်မှာ ၀န်ကြီးချုပ်ကို အာဏာအပြည့်ပေးဖို့ ဆွေးနွေးခဲ့တယ်။ ကာကွယ်ရေးအပိုင်းကတော့ ပြည်ထောင်စုအဆင့်က ကိုင်တွယ်ရမှာပေါ့။ ပြည် ထောင်စုတပ်မတော်မှာဆိုရင် ကြည်း၊ လေ၊ ရေ ပါရမယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ပါရမယ်၊ ပြီးတော့ ပြည်နယ်တစ်ခုချင်းစီမှာ လူဦးရေအချိုးအစားအလိုက် စစ်သားတွေထားရှိရမယ် ဒီသုံးခုပါရမယ်ပေါ့။ ဒါပေမယ့် ကာကွယ်ရေး ဦးစီးချုပ်ကတော့ တစ်ခုတည်းဖြစ်ရမယ် “ ဟု ဒေါက်တာမင်းနွယ်စိုးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ညီလာခံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ မြေယာနှင့် လုံခြုံရေး စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး မွန် အမျိုးသားပါတီမှ (၃) ဦး၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ (၃) ဦး၊ အမျိုးသမီးပါတီ (မွန်) မှ (၁) ဦး၊ မွန် တိုင်းရင်းသားကိုယ်စားပြု (၃) ဦး နှင့် မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ပါဝင်သင့် ပါဝင်ထိုက်သူ (၁) ဦးစီ တက် ရောက်ခဲ့သည်ဟု သိရသည်။

ကိုယ်စားလှယ်ပေါင်း ၇၀၀ ကျော် တက်ရောက်ခဲ့သည့် အဆိုပါညီလာခံတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီ ၉၀ ကျော်နှင့် လူ မှုအဖွဲ့အစည်းများတို့ ကဏ္ဍအလိုက်ပြုစုထားသည့်ဆွေးနွေးချက်များကို စုစည်းမှတ်တမ်းတင်ထားကြောင်း သိရ သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts