Homeသတင်း၀င်းစိန်ဆရာတော်ဘဒ္ဒန္တကေသရ ပျံလွန်တော်မူ

၀င်းစိန်ဆရာတော်ဘဒ္ဒန္တကေသရ ပျံလွန်တော်မူ

-

၀င်းစိန်တောရမွန်ဆရာတော် ဘဒ္ဒန္တကေသရ(Facebook)
၀င်းစိန်တောရမွန်ဆရာတော် ဘဒ္ဒန္တကေသရ(Facebook)
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝင်းစိန်တောရမွန်ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တကေသရ သက်တော် ၉၄ နှစ်သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံ၌ ပျံလွန်တော်မူသွားကြောင်း ဆရာတော်၏ဒါယကာတစ်ဦးက ပြောသည်။

ဆရာတော၏ကြွင်းကျန်ရုပ်ကလာပ်အား ဝင်းစိန်တောရကျောင်းသို့ ယနေ့ညနေပိုင်းတွင် သယ်ဆောင်လာရာ ရပ်ဝေးရပ်နီးဒါယကာအများအပြား လာရောက်စောင့်ကြိုနေကြောင်း သိရသည်။

“မော်လမြိုင်ကို ရောက်နေပြီးလို့ ကြားတယ်။ ခဏနေ မိနစ် ၂၀ လောက်ဆိုရင် ဝင်းစိန်ကို ရောက်လာတော့မယ်” ဟု ဆရာတော်အား သွားရောက်ကြိုဆိုသူ မုဒုံမြို့မှ မမော်က ပြောသည်။

ကားလမ်းကြီးနံဘေးဝဲယာမှ ရတနာတောင်ဝင်းစိန်တောရကျောင်းအထိ လာရောက်ဖူးမျှော်သူများဖြင့် ပြည့်နေကြောင်း မမော်က ပြောသည်။

ဆရာတော်အား ညနေ ၄ နာရီခန့်တွင် ရန်ကုန်မှ ပြန်လည်သယ်ဆောင်လာခဲ့ပြီး ယနေ့ ည ၉ နာရီခန့်မှ ဆရာတော်ရုပ်ကလာပ်အား မြိုင်ကုန်းကျေးရွာတွင် စောင့်ကြိုနေကြကြောင်း ဆရာတော်၏ ဒါယကာတစ်ဦးက ပြောသည်။

ဆရာတော်သည် ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် နှလုံးအမောဖောက်သဖြင့် ဆေးဝါးကုသရန် ရန်ကုန်သို့ တင်ဆောင်သွားကြောင်း ၄င်းဒါယကာက ပြောသည်။

၂၀၁၄ ခုနှစ်တွင် ဆရာတော်အား အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကို နိုင်ငံတော်က ချီးမြင့်ခဲ့သည်။

အတောင် ၄၀ဝ ပြည့် ဇိနသုခရန်အောင်ချမ်းသာကမ္ဘာ့အကြီးဆုံးလျောင်းတော်မူဘုရားကို ၁၉၉၂ ခုနှစ်တွင်၄င်း၊ အတောင် ၆၀ဝ ပြည့်လျောင်းတော်မူ ဘုရားကို ၂၀၁၀ ခုနှစ်တွင်၄င်း ဆရာတော်က အုတ်မြစ်ချခဲ့သည်။

ဆရာတော်၏ သက်တော် ၉၄ နှစ်ပြည့် မွေးနေ့မင်္ဂလာကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပျံလွန်တော်မူချိန်တွင် ရဟန်း ၄၅ ဝါရှိပြီဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts