Homeသတင်းမွန်ပြည်နယ် သန်းခေါင်စာရင်းစစ် စာရင်းကောက်များအား ထောက်ပံ့ကြေးပေးခဲ့ပြီး

မွန်ပြည်နယ် သန်းခေါင်စာရင်းစစ် စာရင်းကောက်များအား ထောက်ပံ့ကြေးပေးခဲ့ပြီး

-

သန်းခေါင်စာရင်း ကောက်များ(Internet)
သန်းခေါင်စာရင်း ကောက်များ(Internet)
အေမီအောင် (IMNA) – မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် သန်းခေါင်စာရင်းကောက်၊ စာရင်းစစ်များကို ထောက်ပံ့ကြေးပေးခဲ့ပြီးဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုပြည်နယ်မှူး ပြောသည်။

အဆိုပါ မော်လမြိုင်မြို့တွင် စာရင်းစစ် စာရင်းကောက် ၇၀ဝ ကျော်ခန့် ၊ မတ်လ ဒုတိယအပတ်တွင် ငွေကြေးထုတ်ပေးခဲ့ပြီးဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုပြည်နယ်မှူ း ဦးဝင်းရဲထွန်းက ပြောသည်။

ဦးဝင်းရဲထွန်း က “ UN က လည်းပေးတာရှိသလို၊ ကျနော်တို့ လူဝင်မှုကြီးကြပ်ရေးက ပေးတာလည်းရှိခဲ့တယ်” ဟု ဆိုသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မှ ၁၂ ရက်တာ ကာလအတွက် စာရင်းကောက်တစ်ဦးလျှင် ၃၆၀ဝ၀ ကျပ်၊ စာရင်းစစ် တစ်ဦးလျှင် ၄၈၀ဝ၀ ကျပ်ကို ပေးခဲ့ပြီးဖြစ်သည်။

ထိုနောက် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ UNFPA မှ စာရင်းကောက် တစ်ဦး ၆၀၂၀ဝ ကျပ်၊ စာရင်းစစ် တစ်ဦး ၆၉၀ဝ၀ ကျပ် ထောက်ပံ့ငွေများ ပေးပြီးဖြစ်သည်ဟု ဆိုသည်။

စာရင်းစစ် ဦးသန်းထွန်းအေး က “ လ.ဝ.က ပေးတာရယ်၊ UN ကပေးတာဆိုပြီး စာအိတ် ၂ အိတ်ခွဲပြီး ပေးခဲ့တယ်” ဟုဆိုသည်။

စာရင်းကောက် ဒေါ်စုမမ က “ မတ်လ ၁၇ ရက်နေ့ သင်တန်း ပထမရက်မှာ ကျမတို့ကို ဖောင်ဖြည့်ခိုင်းတယ်၊ ၂၂ ရက် သင်တန်း နောက်ဆုံးနေ့မှာ ပိုက်ဆံထုတ်ပေးခဲ့တယ်” ဟုဆိုသည်။

ထိုသို့ပေးရာတွင် စာရင်းစစ်၊ စာရင်းကောက်များ အတွက်သာ ထောက်ပံ့ငွေများပေးခဲ့ပြီး အရန်စာရင်းစစ်၊ စာရင်းကောက်များကို ငွေကြေးထောက်ပံ့ခဲ့ခြင်း မရှိဟုသိရသည်။

သံဖြူဇရပ်မြို့မှ စာရင်းစစ် ဒေါ်လှလှဝင်း က “ လဝက ပေးတာက ၄၇၀ဝ၀ နဲ့ ကမ္ဘောဇဘဏ် ကနေလွှဲပေးလိုက်တာက ၆၉၀ဝ၀ သင်တန်းစတဲ့နေ့က ရခဲ့တယ်” ဟုဆိုသည်။

မွန်ပြည်နယ်တွင် စာရင်းစစ်၊ စာရင်းကောက် ပေါင်း ၄၆၆၂ ဦး၊ ထောက်ပံ့ငွေများကို (၈၀) ရာခိုင်နှုန်းပေးခဲ့ပြီး၊ ကျန်ရှိနေသည့် ၂၀ ရာခိုင်နှုန်းကို ဧပြီလတွင် ထပ်မံပေးသွားမည်ဟု ဦးဝင်းရဲထွန်း ကဆိုသည်။

မော်လမြိုင်ခရိုင်တွင် အိမ်ထောင်စုကောက်ကွက်ပေါင်း ၁၈၅၀ ကွက်၊ အဖွဲ့အစည်းကောက်ကွက် ၁၃၀ ကွက်၊ မော်လမြိုင်မြို့တွင် အိမ်ထောင်စု ကောက်ကွက်ပေါင်း ၄၀၆ ကွက်နှင့် အဖွဲ့အစည်းကောက်ကွက် ၇၁ ကွက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts