Tuesday, May 12, 2026
More
    spot_img
    Homeသတင်းမွန် Post Ten အထက်တန်းလွန်ကျောင်းဆင်းပွဲကျင်းပ

    မွန် Post Ten အထက်တန်းလွန်ကျောင်းဆင်းပွဲကျင်းပ

    -

    အိုင်ကွမ်းက သင်တန်းဆင်းလက်မှတ်ပေးအပ်စဉ်(BNA)
    အိုင်ကွမ်းက သင်တန်းဆင်းလက်မှတ်ပေးအပ်စဉ်(BNA)
    မင်းလုံး – မွန်အမျိုးသား ပညာရေးဌာနမှ ကြီးမှုး၍ မွန် Post Ten ဒုတိယနှစ် တက္ကသိုလ်ဝင်တန်းလွန်ကျောင်း ဆင်းပွဲအခမ်းအနားကို ဘုရားသုံးဆူမြို့အနီး၊ စံခလပူရီမြို့ရှိ Sangkhala INN တွင် အေပြီလ ၃ ရက်နေ့ နံနက် ၉ နာရီ၌ ဖျော်ဖြေပွဲနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

    ယင်း Post Ten ကျောင်းဆင်းပွဲအခမ်းအနားသို့ သဘာပတိအဖြစ်၊ မွန်ပြည်သစ်ပါတီနိုင်ငံ ခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်းက ဆောင်ရွက်ပြီး Mon National Education Committee(MNEC) မှ နိုင်အိုင်ကွမ်၊ Mon Unity League(MUL) မှ နိုင်ကစော့မွန်၊ ကျောင်းအုပ်ကြီး ဦးမောင်မောင်သန်း၊ World Education တာဝန်ရှိပုဂ္ဂိုလ်နှင့်အတူ ကျောင်းဆရာ၊ ကျောင်းသား/သူများ၊ ဒေသခံမွန်လူမှုအဖွဲ့အစည်းဝင်များ တက်ရောက်ကြသည်ကို တွေ့ရှိခဲ့ရသည်။

    မွန် Post Ten ကျောင်းကြီးကြပ်ကွပ်ကဲသူ မိမိုမိုက "ဒီကျောင်းပြီးသွားရင် အဓိကသူတို့ရသွား မယ့်အကျိုးရလဒ်ကတော့ Teacher Training ပေါ့၊ ဆိုလိုတာက ကျောင်းသားကလေးငယ်တွေကို သင်ကြားပေးနိုင်မယ့်နည်းပညာတွေပါ၊ အခုကျမတို့နိုင်ငံမှာသင်ကြားပေးနေတဲ့ အလွတ်ကျက်နည်း မဖြစ်အောင်သူတို့သင်ကြားနိုင်ပါလိမ့်မယ်၊ ဒီထက်မကသူတို့ဆက်လေ့လာနိုင်မယ်ဆိုရင် Scholarship တက်ဖို့ ကျမတို့အနေနဲ့ တက်နိုင်သလောက်ကူညီပေးနိုင်ပါတယ်” ဟု ပြောသည်။

    ယင်း Post Ten ကျောင်းသည် နှစ်စဉ်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား/သူ ပေါင်း ၂၀ ဦးဝန်မျှသာ လက်ခံလျက်ရှိကြောင်း၊ Post Ten ကျောင်းတက်ရန်အတွက် တက္ကသိ်ုလ်ဝင်တန်းအောင် ကျောင်းသား/သူများ၊ ဘွဲ့ရသူများ၊ တက္ကသိုလ်ကျောင်းတက်နေဆဲ ကျောင်းသား/သူ များကိုသာ လက်ခံသည်ဟု မိမိုမိုက ဆက်ပြောသည်။

    Post Ten ကျောင်းသားတစ်ဦးဖြစ်သူ မင်းတလမွန် က " ဒီကျောင်းပြီးရင် ကျနော်တို့အနေနဲ့ ၂ နှစ်တာ ဝန်ယူပြီး ကျောင်းသား/သူတွေကို သင်ပေးရမှာပါ၊ မွန်ပညာရေးဌာနကချပေးတဲ့နေရာတွေမှာပဲသင်ရမှာ၊ ကိုယ်ကြိုက်တဲ့နေရာမှာသင်လို့မရပါဘူး၊ ပြောချင်တာက ဆရာ/ဆရာမတွေ မလုံလောက်တဲ့ အရပ်ဒေသမှာ ကျနော်တို့ သွားရောက်သင်ကြားပေးရမှာပါ” ဟု ပြောသည်။

    Post Ten ကျောင်းတက်နေစဉ်အတွင်း နိုင်ငံခြားဆရာ/မ များဖြင့် အင်္ဂလိပ်ဘာသာဖြင့် အရေးအသား၊ နားထောင်ခြင်း၊ ပြောဆိုခြင်း၊ Project ရေးသားခြင်းများကို သင်ကြားခဲ့ရကြောင်း သူက ဆက်ပြောသည်။

    တက္ကသိုလ်ဝင်တန်းလွန် Post Ten သင်တန်းများကို မွန်ပြည်သစ်ပါတီလက်အောက်ခံ မွန်အမျိုးသားပညာရေးကော်မတီက ၂၀ဝ၀ ပြည့်နှစ်မှစတင် အကောင်အထည်ဖော်ခဲ့ရာ ယခုအခါ ကျောင်းသား/သူ ၃၀ဝ ခန့်တက်ရောက်ခဲ့ပြီးဖြစ်သည်ဟု ကျောင်းအုပ်ကြီး ဦးမောင်မောင်သန်း ထံမှသိရသည်။

    ၂၀ဝ၅ – ၂၀ဝ၆ ခုနှစ်မှစပြီး ရေးချောင်းဖျားဒေသ "ညီသာ"မွန်ပညာရေးကျောင်းမှတဆင့် ထိုင်း-မြန်မာနယ်စပ် စံခလပူရီမြို့သို့ နိုင်ငံခြားဆရာ/ဆရာမ များဖြင့်တိုက်ရိုက်သင်ကြားနိုင်ရန်အတွက် ပြောင်းရွှေ့ခဲ့ပြီး World Education ၏ ကူညီထောက်ပံ့မှုဖြင့် ဆက်လက်ဖွင့်လှစ်ခဲ့သည်ဟု MNEC ကော်မတီဝင် နိုင်အိုင်ကွန်က အခမ်းအနားတွင် ပြောကြားခဲ့သည်။

    မွန်အမျိုးသားပညာရေးဌာန၌ အထက်တန်းကျောင်း ၃ ကျောင်းရှိပြီး မြန်မာနိုင်ငံအစိုးရပညာရေးဝန်ကြီးဌာနလက်အောက်ခံ စာစစ်ဌာနများနှင့်ဆက်သွယ်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နှစ်စဉ်ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

    လက်ရှိတွင် သီးသန့်မွန်အမျိုးသားစာသင်ကျောင်း ၁၄၃ ကျောင်းနှင့် အစိုးရစာသင်ကျောင်း ၁၅၀ ကျောင်းတွင် မွန်ဘာသာကိုပူးတွဲသင်ကြားနေသည်ဟု မွန်အမျိုးသားပညာရေးဌာနစာရင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks