Homeသတင်းစိတ်ကြွဆေးပြား ရောင်းဝယ်သူများထံတွင် လက်နက်များကိုလည်း ဖမ်းဆီးရမိနေ

စိတ်ကြွဆေးပြား ရောင်းဝယ်သူများထံတွင် လက်နက်များကိုလည်း ဖမ်းဆီးရမိနေ

-

မင်းသုတ – စိတ်ကြွမူးယစ်ဆေးပြားရောင်းဝယ်သူများအား ဖမ်းဆီးရမိသည့်ဖြစ်စဉ်များတွင် စိတ်ကြွမူးယစ်ဆေးဝါးများအပြင် လက်နက်များကိုလည်း ပိုမိုဖမ်းဆီးရမိနေကြောင်း ကရင်ပြည်နယ်ရဲအရာရှိတစ်ဦးက ပြောသည်။

ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှင့်လက်နက်ဖမ်းဆီးရမိပုံ(ရဲဇာနည်)
ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှင့်လက်နက်ဖမ်းဆီးရမိပုံ(ရဲဇာနည်)
“ခြုံငုံပြီးတော့ပြောရရင် တစ်လအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးမှုဖြစ်စဉ် ၄ ခုရှိမယ်ဆိုရင် ၃ ခုကလက်နက်အမှုတွေ ပါနေတယ်၊ တရားခံတွေပြောဆိုချက်အရဆိုရင် အချို့ဆိုရင်အပစ်ရပ်အဖွဲ့အစည်းထဲက ပုဂ္ဂိုလ်တစ်ဦးဦးနဲ့ တနည်းမဟုတ်တနည်း ဆက်နွယ်မှုရှိနေတယ်လို့လည်း သိရပါတယ်” ဟု ယင်းရဲအရာရှိက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နေ လေးလူ(ခ) ဥဏ်ထွန်းနေအိမ်၌ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက သတင်းအရဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား(၁၇၇)ပြား ဖမ်းဆီးမိရာ Made in Czecholokia တံဆိပ်ပါ အိတ်ဆောင်ပစ္စတို(၁)လက်ကို သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာနေ မနန်းဖေါ်ထွန့် နေအိမ်၌ မူးယစ်စိတ်ကြွဆေးပြား(၂၆၆)ပြား ဖမ်းဆီးရမိခဲ့ရာတွင် ပစ္စတို(၁)လက်နှင့် ပွိုင့် ၂၂ ကျည်(၄)တောင့်တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည့် ဖြစ်ရပ်များရှိခဲ့သည်ဟု ယင်းရဲအရာရှိက ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့ မူးယစ်(အထူး) ရဲတစ်ဦးကလည်း “ဒီလ ၄ ရက်နေ့မှာ မြို့ပေါ်ဂိမ်းဆိုင်တွေ လိုက်ဖမ်းရင်း မူးယစ်ဆေးပြားတွေပါ မိခဲ့တာပါ၊ အဲဒီဖြစ်စဉ်မှာ သေနတ်ငယ်တစ်လက်နဲ့ကျည်ဆံတွေပါ မိခဲ့တယ်” ဟု ပြောသည်။

မြဝတီမြို့ ဂိမ်းဆိုင်တစ်ခု၌ ဒီကေဘီအေတပ်ဖွဲ့ဝင်တစ်ဦးဆိုသူထံမှ WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြား ၂၀၁၅ ပြားဖမ်းဆီးရမှုတွင် ဒဿမ ၂၂ ပစ္စတိုတစ်လက်နှင့်ကျည်ဆံများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အလားတူ စက်တင်ဘာလ ၁၅ ရက် ညပိုင်းတွင် မင်္ဂလာဒုံ မြို့နယ် ၊ ထောက်ကြန့်၊ ပဲခူးလမ်းရပ်ကွက်နေ သန်းစိုး၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၃၉၅၆ ပြားနှင့် Austria နိုင်ငံလုပ် အနက်ရောင်ပစ္စတို တစ်လက် ၊ ၁၁ တောင့် ကျည်ကတ် တစ်ခု တို့ကို တွေ့ရှိသိမ်းဆည်း ရမိကြောင်း ယနေ့ထုတ် The Myawady Daily တွင် သတင်းဖေါ်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကိုင်းတိုင်း၊ ကလေးခရိုင်နှင့် တမူးမြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခို ရောင်းဝယ်မှုများတွင် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှုရှိခဲ့သဖြင့် နေပြည်တော်အထူး ရဲတပ်ဖွဲ့များ လာရောက်စုံစမ်းစစ်ဆေးအရေးယူမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts