Homeသတင်းရေဖြူမြို့နယ်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့စည်း ဆက်ကြေးတောင်းနေ

ရေဖြူမြို့နယ်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့စည်း ဆက်ကြေးတောင်းနေ

-

မင်းလုံး – တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အမည်မသိမွန်လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုက ဆက်ကြေးငွေများ အတင်းအဓ္ဓမလိုက်လံတောင်းနေသည်။

ရေဖြူမြို့နယ်အတွင်းရှိ ရွာတစ်ရွာ
ရေဖြူမြို့နယ် အတွင်း ကျေးရွာတစ်ရွာ
ရေးဖြူမြို့နယ်အတွင်းရှိ စိန်ပေါင်၊ ဘုရားသုံးဆူ၊ ဆင်စွယ်နှင့် ကျောက်ကုတင် စသည့်ကျေးရွာများတွင် ယင်းမွန်လက်နက်ကိုင်အဖွဲ့စည်းက ယခုလဆန်းပိုင်း၌ ဆက်ကြေးတောင်းစာများကို ကျေးရွာအကြီးအကဲများထံ ပေးပို့ထားကြောင်း သိရသည်။

ယင်းလက်နက်ကိုင်အဖွဲ့သည် စိန်ပေါင်ကျေးရွာမှ ၂၅ သိန်း၊ ဘုရားသုံးဆူကျေးရွာမှ သိန်း ၂၀ တိတိ ဆက်ကြေးငွေများရရှိခဲ့ပြီး ဆင်စွယ်ကျေးရွာအုပ်ချူပ်ရေးမှူး၏ဇနီးနှင့် သားဖြစ်သူကို ဖမ်းဆီးချူပ်နှောင်၍ ငွေတောင်းခံထားကြောင်း အမည်မဖေါ်လိုသောဒေသခံတစ်ဦးက ပြောသည်။

သူက”ဥက္ကဋ္ဌဇနီးနဲ့သူ့သားကိုပြန်ပေးဆွဲထားပြီး ရိုက်နှက်တာတွေလဲလုပ်တယ်လို့ကြားရတယ်၊ ဒီလပြည့်နေ့မတိုင်ခင် ငွေကျပ်သိန်း ၂၀ဝ နဲ့ လာရွေးပါလို့ပြောထားတယ်” ဟု ပြောသည်။

ယင်းဆက်ကြေးငွေတောင်းသော လက်နက်ကိုင်အဖွဲ့ဝင်များတွင် သေနတ်ရှည်ကိုင်ဆောင်ထားသူ ၂ ဦး၊ သေနတ်တိုကိုင်ဆောင်ထားသူ ၁ ဦးနှင့် ဓါးရှည်ကိုင်ဆောင်ထားသူ ၁ ဦး စုစုပေါင်း ၄ ဦးတို့ပါဝင်သည်ဟု သူကဆက်ပြောသည်။

ထို့အပြင် ယင်းလက်နက်ကိုင်အဖွဲ့သည် ဘုရားသုံးဆူကျေးရွာရှိ ထားဝယ်ဘုန်းကြီးကျောင်းသို့ ငွေများလာရောက်တောင်းခံသွားခဲ့သည်ဟုလည်း ဘုရားသုံးဆူဒေသံတစ်ဦးက ပြောသည်။

သူက “သူတို့က သိန်း ၇၀ တက်တောင်းတာ ဘုန်းကြီးတွေ ဒကာတွေတောင်းပန်တော့ ဘုန်းကြီးကျောင်းငွေသိန်း ၂၀ ရသွားတာပါ” ဟု ပြောသည်။

အဆိုပါဆက်ကြေးငွေတောင်းခံရသော ကျေးရွာများသည် မွန်ပြည်သစ်ပါတီထိန်းချူပ်ရာနယ်မြေနှင့် အစိုးရတပ်ဖွဲ့လှုပ်ရှားသည့် ကြားခံနယ်မြေကဲ့သို့ ဖြစ်နေပြီး လုံခြုံရေးအားနည်းသည့် ဒေသတစ်ခုဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
၁၉၉၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီအပစ်ရပ်စဲပြီးနောက်ပိုင်း ယင်းဒေသတဝိုက်အတွင်း မွန်ပြည်သစ်ပါတီတပ်ဖွဲ့များ လှုပ်ရှားခွင့်မရရှိခဲ့သဖြင့် မွန်ခွဲထွက်အမည်ခံ ဓါးပြအဖွဲ့များ ပေါ်ပေါက်လာပြီး ယနေ့တိုင်လှုပ်ရှားလျှက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts