spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့နယ်အတွင်း နေအိမ် ၃၀ ကျော် ရေနစ်မြုပ်

    ဘုရားသုံးဆူမြို့နယ်အတွင်း နေအိမ် ၃၀ ကျော် ရေနစ်မြုပ်

    -

    ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ချောင်းဆုံကျေးရွာ၌ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် နေအိမ် ၃၀ ကျော် ရေနစ်မြုပ်ခဲ့သည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

    မကြုံစဖူး မြင့်တက်လာသည့်ရေကြောင့် ယခုအခါ ရေနစ်မြုပ် မှုခံနေရသည့် အိမ်ထောင်စု ၃၀ အား ရေဘေးလွတ်ရာ နေအိမ်များနှင့် စာသင်ကျောင်းများသို့ ပြောင်းရွှေ့ နေထိုင်လျှက်ရှိသည်။

    ချောင်းဆုံရွာခံတစ်ဦးက “ဒီနှစ်ရေတက်တာ အများဆုံးပဲ၊ မိုးဆက်ပြီးရွာနေသေးရင် ဒီထက်တက်ဖို့အနေအခြေတွေ ရှိသေးတယ်” ဟု ပြောသည်။

    ရာသီဥတုကြောင့် ဇမိချောင်းရေလျှံသည့်အချိန်နှင့် တက်လာမည့် ရေများရှိနေသေးသဖြင့် ခရီးသည် တင်စက် လှေများ ပြေးဆွဲမှု ခေတ္တရပ်နားထားရကြောင်း သိရသည်။

    လက်ရှိ ရေဘေးကြုံနေရသူများကို ဘုရားသုံးဆူမြို့မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီ (USDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ပညာ့တန်ဆောင်အဖွဲ့အစည်းအပါအဝင် ပုဂ္ဂလိက အလှူရှင်များက ထမင်းထုပ်၊ အဝတ်အထည်များပေးဝေခြင်းနှင့် အခြားလိုအပ်သော အသုံးအဆောင် ပစ္စည်းများကိုလည်း သွားရောက်လှူဒါန်းခဲ့သည်။

    လွန်ခဲ့သော ၂၀ဝ၄-၅ ခုနှစ်က ချောင်းဆုံကျေးရွာသည် မိုးရာသီအတွင်း ရေးကြီးမှုဖြစ်ပေါ်ကာ နေအိမ်နစ်မြုပ်မှုမျိုး ရှိခဲ့ဖူးသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

    ပြီးခဲ့သည့် သီတင်းပတ်မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့ခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်အတွင်း၌ ရေလျှံမှုဖြစ်ပေါ်သဖြင့် မြဝတီမြို့နှင့် မဲဆောက်မြို့ရှိ ရပ်ကွက် အချို့တွင် ရေကြီးလျှက်ရှိသည်။

    ထို့အပြင် မဲဆောက်မြို့တွင် အခမဲ့ကုသပေးနေသည့် ဒေါက်တာ စင်သီယာမောင် မယ်တော်ဆေး ခန်းတွင်လည်း ရေဝင်သဖြင့် ဆေးကုသမည့်လူနာများ နေရာအပြောင်းအရွှေ့ ပြုလုပ်ခဲ့ကြသည်။

    ရေကြီးရေလျှံမှုများကြောင့် ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်ကားလမ်းရှိ ဒေါ်နတောင်တန်းတွင် မြေပြိုမှုဖြစ်ပေါ်ကာ ကာလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်ဟု မြဝတီမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

    မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ထက် မြင့်တက်မှုကြောင့် ကရင်ပြည်နယ် ဘားအံမြို့၊ လှိုင်းဘွဲ့မြို့၊ ကြားအင်းဆိပ်ကြီး၊ ကျုံဒိုးနှင့် မြဝတီမြို့တို့တွင် ရေဘေးကြုံဒုက္ခသည် စုစုပေါင်း ၇၇၉၅ ဦးခန့်ရှိသည်ဟု အင်တာနက်သတင်းစာမျက်နှာများတွင် ဖော်ပြပါရှိသည်။

    ထို့အတူ စံခလယ်ချောင်းရေအရှိန်ကြောင့် ယခုရက်ပိုင်းတွင် စံခလပူရီမြို့နှင့် ဝင်းကရွာကို ဆက်သွယ်ထားသော ဆရာတော်ဦးဥတ္တမတံတားသည်လည်း ထက်ပိုင်းကျိုးပြတ်မှုဖြစ်ပေါ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts