Homeသတင်းမုဒုံမှ ကြိုတင်မဲ

မုဒုံမှ ကြိုတင်မဲ

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မုဒုံမြို့နယ် မဲကော်မရှင်မှ မဲရေတွက်ရာတွင် ပြောပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့အတွက် ဝန်ထမ်းများနှင့် စစ်တပ်တို့မှ ကြိုတင်မဲဟု ပြောပြီး မဲအိတ် တစ်အိတ်စီယူလာပြီး ကော်မရှင်မဲရေချိန်တွင် စုပေါင်းရေတွက်ခဲ့သည်။

မဲဆန္ဒပေးသည့်နေ့တွင်လည်း ရဲများမှ ကျေးရွာအေးချမ်းသာယာရေးနှင့် ဖွ့ံဖြိုးရေးကောင်စီဥက္ကဋ္ဌ (ရယက) များကို နှစ်နာရီခြား တစ်ကြိမ် မည်သူ့ဘက်တွင် မဲပေးသူပိုများသည်ကို လာရောက်စုံစမ်းမေးမြန်းသည်ဟု ရယကနှင့်နီးသူတစ်ဦးက ပြောသည်။

ဆန္ဒမဲပေးသူအရေအတွက်နှင့် မည်သည့်ဘက်တွင်မဲပေးမှုပိုများသည့် ခန့်မှန်းခြေအရေအတွက်ကို ခန့်မှန်းပေးရသည်ဟု ၄င်းနီးစပ်သူက ပြောသည်။

မုဒုံမြို့နယ်ရှိ ကျုံဖိုက်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ပိုင်ကမာကျေးရွာ၊ ကော့ပရံ၊ ကတုံးပေါ်၊ ဘလောက် ညောင်ဝိုင်းကျေးရွာတို့တွင် မဲရုံမှူးတို့မှ ၄င်းတို့ကိုယ်တိုင် ကြံ့ဖွံ့ပါတီသို့ထည့်ရန် မဲခြစ်ပေးသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင်မှ စည်းရုံးရေးမှူးတစ်ဦးက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts