spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းမဲလက်မှတ်များတွင် မဲရုံမှူး လက်မှတ် မထိုး

    မဲလက်မှတ်များတွင် မဲရုံမှူး လက်မှတ် မထိုး

    -

    မဲဆန္ဒပေးရန်နိုင်ရန်အတွက် မှတ်််ပုံတင် မရှိသူများကို ထုတ််ပေးခဲ့သည့် ယာယီ သက်သေခံ လက်မှတ်

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ယနေ့ ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးခဲ့ကြသည့် မွန်ပြည်နယ် အချို့မြို့နယ်ရှိ မဲဆန္ဒရှင်များ၏ မဲပြားများတွင် မဲရုံမှူးလက်မှတ် မထိုးပေးခြင်းကြောင့် ပယ်မဲများ ဖြစ်ခဲ့ရသည်ဟု ဆန္ဒမဲ ပေးသူများက ပြောသည်။

    အထူးသဖြင့် သံဖြူဇရပ်မြို့နယ်တွင် မဲရုံမှူးလက်မှတ် မပါရှိကြောင်း သိရသည်။

    ဒီနေ့ မွန်းတည့်ချိန်လောက်မှာ ကျမ မဲသွားထည့်တယ်၊ မဲပြားမှာ မဲရုံမှူးလက်မှတ် မပါလို့ ပြန်ထိုးခိုင်းလည်း တစ်ချက်နေဦး ရှုပ်နေတယ် ဆိုပြီး ကျမတို့ စောင့်လိုက်ရတာ၊ နောက်တော့ ရတယ် ကိုယ်ကြိုက်တာ အမှတ်ခြစ်ထားလိုက် ဆိုပြီး ကျမတို့ကို ခြစ်ခိုင်းတယ်၊ ဒါပေမဲ့ သူတို့က လက်မှတ် မထိုးပေးဘူး၊ တခြားလူတွေလည်း ကျမလိုပဲ မဲရုံမှူးလက်မှတ် မရှိကြဘူး” ဟု သံဖြူဇရပ်မြို့မှ မဲဆန္ဒရှင် အမျိုးသမီးတစ်ဦးက ရှင်းပြသည်။

    မဲရုံမှူးသည် မဲပြားများစွာကို လက်မှတ်ထိုးရသည့်အတွက် လက်မှတ်ထိုးရန် မေ့ကျန်ခြင်း ဖြစ်နိုင်ကြောင်း မော်လမြိုင်မြို့မှ မဲရုံမှူးတစ်ဦးက ပြောသည်။

    မွန်ပြည်နယ်တွင် မဲရုံရောက်မှ မဲပေးခွင့် မရှိပဲ ပြန်လာရသော မဲဆန္ဒရှင် အများအပြား ရှိကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပါတီဝင်တစ်ဦးက ပြောသည်။

    “အိမ်ထောင်စု စာရင်းလည်း ရှိတယ်။ မွေးစာရင်းလည်း ရှိတယ်။ မှတ်ပုံတင်လည်း ရှိတယ်။ မဲပေးတဲ့ စာရင်းမှာလည်း ပါတယ်။ ဒါပေမဲ့ ဟိုရောက်မှ မဲနံပါတ် အမှတ်စဉ် မပါလို့ မဲမပေးခဲ့ရတဲ့လူတွေ အများကြီးပဲ” ဟု သူက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts