Homeသတင်းနအဖတပ်များ တပ်မဟာ ၆ နယ်မြေအတွင်း မကြာခဏ တိုက်ခိုက်ခံနေရ

နအဖတပ်များ တပ်မဟာ ၆ နယ်မြေအတွင်း မကြာခဏ တိုက်ခိုက်ခံနေရ

-

ပနွတ်ကျား

ယခုလပိုင်းအတွင်း ကေအဲန်ယူတပ်မဟာ ၆ နယ်မြေအတွင်း နအဖတပ်များ မကြာခဏ တိုက်ခိုက်ခံနေရကြောင်း တပ်မဟာ ၆ ပြောခွင့်ရှိသူ ဗဒိုစောထဲနေက ပြောသည်။

“မနေ့မနက်ပိုင်းမှာ တောင်စွန်းနဲ့ ခုံခန်အကြား ခမရ ၂၈၄ စစ်ကြောင်းကို ရှေ့ထွက်မိုင်းနဲ့ ပြောက်ကြားစစ်ဆင်ခဲ့တာ သူတို့ဖက်က ၃ ယောက်ပဲဒဏ်ရာရသွားတယ်” ဗဒိုစောထဲနေက ပြောသည်။

အဆိုပါ ခမရ ၂၈၄ တပ်ရင်းသည် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့တွင် ခလရ ၃၂ တပ်ရင်းနှင့် ဘုရားသုံးဆူမြို့၌ တပ်အပြောင်းအလဲပြုလုပ်ပြီး မိခင်တပ်ရင်းရှိရာသို့ ပြန်လာစဉ် ဘုရားသုံးဆူ-သံဖြူဇရပ်အကြား ဒုတိယအကြိမ် ထပ်မံခြုံခိုတိုက်ခိုက်ခံလိုက်ရခြင်းဖြစ်သည်။

အလားတူ ယမန်နေ့တွင်လည်း ထိုင်း-မြန်မာနယ်စပ် ကနဲလေးစခန်းအခြေချ ခမရ (၄၀၅) တပ်ချိန်းပြီးအပြန် မြ၀တီခရိုင်အတွင်းရှိ ဘလယ်ဒို့အရပ်သို့ ရောက်ရှိလာစဉ် ကေအန်အယ်လ်အေ တပ်ရင်း (၁၀၃) လက်အောက်ခံတပ်ခွဲတခုက ခြုံခိုတိုက်ခိုက်ခဲ့ရာ (၁) ဦးကျဆုံးပြီး (၃) ဦး ဒဏ်ရာရရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့တွင်လည်း ဘုရားသုံးဆူမှအထွက် မြိုင်သာယာရွာအနီး၌ ကေအဲန်ယူမှ ရှေ့ထွက်မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ အဆိုပါ ခမရ ၂၈၄ စစ်ကြောင်းမှ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းဌာနအသီးသီးတွင်လည်း ဖေါ်ပြခဲ့သည်။ အဆိုပါနေ့တွင်ပင် မွန်ပြည်နယ် သံဖြူရပ်မြို ့နယ်-ဘုရားသုံးဆူရှိ ဂျပန်တောင်အနီး၌ နအဖ စစ်တပ် ယဉ်တန်းတခုကို KNU တပ်ဖွဲ့၀င်များက ခြုံခို တိုက်ခိုက်လိုက်သောကြောင့် နအဖ တပ်ဖွဲ့၀င် ၁၁ ဦးသေဆုံးပြီး၊ ၂၀ ခန့် ဒဏ်ရာရရှိကြောင်း သတင်းများတွင်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့်မေလ ၁၃ ရက်နေ့တွင်လည်း အင်အား (၄၀) ကျော်ရှိ ခမရ (၄၀၁) တပ်ရင်း စစ်ကြောင်း (၂) ကို ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခွန်နှင့် တောင်ဒီးကျေးရွာစပ်ကြားတွင် ကေအဲန်အယ်လ်အေ တပ်ရင်း (၁၆) က ခြုံခိုတိုက်ခိုက်ခဲ့ရာ နအဖစစ်သား ၇ ဦး အလောင်းကျန်ခဲ့ပြီး ကေအဲန်အယ်လ်အေမှ ၁ ဦး ကျဆုံးခဲ့သည်။

သို့ရာတွင် အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာနအဖအရာရှိများ သတင်းဌာနများသို့ တရားဝင်ထုတ်ဖေါ်ပြောဆိုခြင်း မပြုခဲ့ပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts