Homeသတင်းရေခန်းခြောက်ခြင်းကြောင့် လယ်သမားများ အခက်ကြုံ

ရေခန်းခြောက်ခြင်းကြောင့် လယ်သမားများ အခက်ကြုံ

-

နိုင်မာန်

မိုးစရွာသည်မှာ တစ်လခန့် ရှိပြီဖြစ်သော်လည်း လယ်ကွက်၌ ရေမရှိခြင်းကြောင့် လယ်သမားများ အခက်အခဲနှင့် ကြုံတွေ့နေကြရသည်။

မိုးရွာစတွင် လယ်သမားများ အရင်စလို ထွန်ယက်ထားကြသော်လည်း ရေမရှိခြင်းကြောင့် ထွန်ရေးများ ခြောက်သွေ့ပြီး မြက်ပင်များ ပေါက်ရောက်နေကြသည်။

“ကျနော်တို့လယ်က ရေနက်ကွင်း ဖြစ်တော့ စောစောထွန်ရတယ်လေ၊ မျိုးစပါးတောင် စိမ်လို့ပြီးပြီ၊ ဒါပေမယ့် ရေမရှိလို့ မိုးကို စောင့်နေရတုန်းပဲ၊ တချို့နေရာတွေမှာဆိုရင် မြက်ပင်ပေါက်နေတာ ထူလို့” ဟု မုဒုံမြို့နယ် တောင်ပရွာမှ လယ်သမားတစ်ဦးက ပြောသည်။

လယ်သမားအနည်းစုမှာ နွားဖြင့် ထွန်ယက်ခြင်းကြောင့် မိုးဆက်တိုက်ရွာသည့် အချိန်ရောက်မှ ထွန်ယက်နိုင်သော်လည်း လယ်သမားအများစုမှာ စက်ဖြင့် ထွန်ယက်ကြသဖြင့် ရေမရှိသော်လည်း ထွန်ယက်နိုင်ကြသည်။

ယခုနှစ်သည် ဝါထပ်နှစ် ဖြစ်သောကြောင့် နယုန်လရောက်ပြီ ဖြစ်သော်လည်း လယ်ကို ကောင်းစွာမလုပ်ကိုင်နိုင်ကြသေးပေ။ အချို့လယ်သမားများမှာ လကိုလိုက်၍ လယ်လုပ်ကိုင်ကြသော်လည်း အချို့မှာ မိုးကိုလိုက်၍ ထွန်ယက်ကြသည်။

အချို့လယ်များမှာ မျိုးကြဲပြီးသော်လည်း လယ်ကွက်၌ ရေခန်းခြောက်နေခြင်းကြောင့် စပါးပင်များ မသန်စွမ်းကြကြောင်း၊ မိုးဆက်လက် မရွာသွန်းပါက စပါးပင်များ ခြောက်သွေ့သေဆုံးနိုင်ကြောင်း လယ်သမားများက ပြောသည်။

ယခုနှစ်တွင် မိုးနည်းမည်ဟု သင်္ကြန်စာ ဗေဒင် နက္ခတ်ကို ယုံကြည်ပြီး လယ်ကွင်းတစ်ခုလုံး ကောက်စောကို စိုက်ကြဲထားကြသော လယ်သမားများလည်း ရှိကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts