Homeသတင်းစာသင်ကျောင်းဆောက်ရန်အတွက် ရွာသားများ တာဝန်ယူပေးနေရ

စာသင်ကျောင်းဆောက်ရန်အတွက် ရွာသားများ တာဝန်ယူပေးနေရ

-

ကွန်းဟဒေ့

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကျောက်တလင်းကျေးရွာရှိ အစိုးရမူလတန်းကျောင်း ပြုပြင်ရန် ဒေသခံရွာသားများ တာဝန် ယူတည်ဆောက်ပေးနေရသည်။

လွန်ခဲ့သည့်နှစ်က သွပ်အနည်းငယ်သာ အစိုးရမှထောက်ပ့ံပေးခဲ့ပြီး၊ ကျန်လိုအပ်သောအပိုင်းများကို ရွာသားများက ဖြည့် ဆည်းလုပ်ဆောင်ရသည်ဟု ရွာခံတစ်ဦးက ပြောသည်။ ဘိလပ်မြေအိတ်တစ်ရာ ထောက်ပ့ံပေးမည်ဟု ပြောဆိုထားသော်လည်း ယခုချိန်ထိမရရှိသေးကြောင်း ၄င်းက ပြောသည်။

“လွန်ခဲ့တဲ့လက ရွာအနီးမှာ စခန်းချနေတဲ့တပ်က ဗျူဟာမှူး ရွာလူကြီးကို ခေါ်ပြီးတော့ စာသင်ကျောင်းကို ကြည့်ရှုစစ်ဆေးတယ်၊ ပြီးတော့ ရွာသားတွေကို မေးတယ်၊ ဒီကျောင်းဟာ ဘယ်သူ့အတွက်လဲ၊ ခင်ဗျားတို့ ရွာအတွက်ပဲ၊ ရွာခံတွေ မပြင်ရင်၊ ဘယ် သူပြင်မလဲဆိုပြီးပြောတယ်၊ ဗျူဟာမှူးကနေ ငွေတစ်သိန်းပဲ ထုတ်ပေးတယ်” ဟု ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

ကုန်ကျစရိတ်အားလုံးကို ရွာခံမှ ကျန်ရပေးဆောင်ရမည်ဖြစ်သည့်အတွက် ကျန်ကျစရိတ်သက်သာစေရန် တနေ့လျှင် ရွာသားသုံးဦးဖြင့် အလှည့်ကျစနစ်ဖြင့် ကျောင်းဆောက်လုပ်ရေးမှာ လုပ်အားပေးသဘောဖြင့် ပါဝင်လုပ်ဆောင်ပေးနေရသည်။

ကျောင်းဆောက်လုပ်ရန်အတွက်လိုအပ်သည့် သစ်၊ ဝါး၊ သဲ၊ အုတ် အစရှိသည်တို့ကို နွားလှည်းရှိသော ရွာသားများ မသယ် မနေရဖြင့် လုပ်ဆောင်ပေးနေရသည်ဟု အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

“လှည်းရှိတဲ့အိမ်ဆိုရင် တစ်အိမ်ကို သဲလေးခေါက်တိုက်ရတယ်၊ ရွာနဲ့ ၅ မိုင်လောက်ဝေးတဲ့ အုတ်ဖိုမှာ အုတ်နှစ်ခေါက်သွား တိုက်ပေးရတယ်၊ ုလောလောဆယ် အဲဒီလိုလုပ်ပေးနေရတယ်၊ နောက်မလုံလောက်လို့ရှိရင် ဆက်ပြီးတိုက်ရဦးမယ်” ဟု ၄င်းက ဆက်ပြောသည်။

ကျောက်တလင်းကျေးရွာရှိ ယိုယွင်းပျက်စီးနေသော စာသင်ကျောင်းကို ပြင်ဆင်ရန်အတွက် ၂၀၀၉ ခုနှစ်က သက်ဆိုင်ရာ အစိုးရဌာနတွင် တင်ပြထားသော်လည်း သွပ်အနည်းငယ်ကိုသာပေးခဲ့ခြင်းကြောင့် ယမန်နှစ်ကလုပ်ငန်းအကောင်အထည်မဖော်နိုင်ပဲ ယခုနှစ်မှသာ စတင်တည်ဆောက်သည်။ ငွေကြေးအခက်အခဲကြောင့် ဆောက်လုပ်ရာမှာ နှောင့်နှေးမှုရှိကာ ကျောင်းဖွင့်ခါနီးအချိန်ဖြစ်သော်လည်း စာသင်ကျောင်းကို လွန်ခဲ့သည့် မေလဒုတိယ အပတ်မှစတင်တည်ဆောက်ကာ ယနေ့အထိ တည်ဆောက်နေဆဲဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts