မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: မင်းချမ်းညီ

Tag Archives: မင်းချမ်းညီ

မွန်ပြည်နယ်အတွင်း ခိုးမှုနှင့်ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားခဲ့

မွန်ပြည်နယ် (၁၀) မြို့နယ်တွင် ယခုနှစ် ၂၀၁၇ ခုနှစ်အတွင်း မှုခင်းများအနက် ခိုးမှုနှင့်ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ၂၀၁၇ ခုနှစ် ၊ စက်တင်ဘာ လကုန်ပိုင်းအထိ စစ်တမ်းများအရ မွန်ပြည်နယ်အတွင်း လူသတ်မှု (၃၆)မှု ၊ မုဒိန်းမှု (၃၇)မှု ၊ ခိုးမှု (၁၇၂)မှု နှင့် ယာဉ်တိုက်မှု (၆၀၃)မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ခေတ္တရဲမှူး(ဦးစီး) ရဲမှူးစိုးလွင်က “ မော်လမြိုင်မှာ ခိုးမှု (၆၁)မှုနဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး သထုံခရိုင်နဲ့ပေါင်းလိုက်ရင် ခိုးမှု (၁၇၂)မှု ဖြစ်ပွားခဲ့ပါတယ်။ ယာဉ်တိုက်မှုကတော့ ကျိုက်ထိုမြို့နယ်မှာ (၁၂၈) မှုဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် (၁၀)မြို့နယ်ထဲမှာ အများဆုံးဖြစ်ပွားတဲ့မြို့နယ်လို့ သတ်မှတ်လို့ရပါတယ်” …

Read More »

မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူး ဦးမြင့်အောင်နှင့်တွေ့ဆုံခြင်း

မွန်ပြည်နယ်မှာ မြို့ဝင်ကြေးကောက်ခံမှုများနှင့် ပတ်သက်ပြီး ပြည်သူလူထုက ဝေဖန်မှုများလည်း ရှိသလို သံလွင်ဈေးငါးဒိုင် ကိစ္စမှာလည်း ရှင်းရှင်းသိစေနိုင်ရန် မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်ကို မွန်သတင်းအေဂျင်စီ အလွတ်တန်းသတင်းထောက် မင်းချမ်းညီ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြပေးလိုက်ပါသည်။

Read More »

သထုံနှင့်ဘီးလင်းမှာ မွန်ပြည်နယ်မြို့ဝင်ကြေးအများဆုံးကောက်ခံရရှိ

မွန်ပြည်နယ်မှာ မြို့ဝင်ကြေးများကို စည်ပင်သာယာရေးအဖွဲ့က ဇွန်လမှ စတင်ပြီး တိုက်ရိုက်ကောက်ခံခဲ့ပြီး ဇွန်လ ဒုတိယအပတ်မှ သြဂုတ်လကုန်အထိ သုံးလအတွင်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့မှာ အများဆုံးကောက်ခံရရှိခဲ့ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ သတင်းရရှိသည်။

Read More »

တိုင်းရင်းစာပေသင်ကြားနေသည့် ကျောင်းဆရာအားလုံး နေ့စားလပေး အစိုးရဝန်ထမ်းအဖြစ် လျှောက်ထားနိုင်

မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများအားလုံး နေ့စားလပေး အစိုးရဝန်ထမ်းများအဖြစ် လျှောက်ထားနိုင်မှာဖြစ်ကြောင်း ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ သတင်းရရှိသည်။

Read More »

သံဖြူဇရပ်မြို့နယ် NLD သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မူးယစ်ဆေးဝါးမှုဖြင့်ဖမ်းဆီးထား

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးထွန်းဝင်းကို မူးယစ်ဆေးဝါးမှုဖြင့် စက်တင်ဘာလ (၂၀) ရက်နေ့တွင် သံဖြူဇရပ် မြို့မ ရဲစခန်းက ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

Read More »

ကမာကေး-တော်ပကောက် လမ်းပြုပြင်မည့်ဘတ်ဂျက်ငွေမလုံလောက်

မွန်ပြည်နယ်၊ ဘီလူးကျွန်းရှိ ကမာကေး-တော်ပကောက်လမ်းအမြန်ဆုံးပြုပြင်နိုင်ရန် ၂၀၁၇-၁၈ ခုနှစ် ကျေးလက်ဦးစီးဌာနများ၏ ဘတ်ဂျက်ငွေများ လျှော့ချလိုက်သည့်အတွက် ဘတ်ဂျက်ငွေ မလုံလောက်ဖြစ်နေကြောင်း ချောင်းဆုံမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

Read More »

ကျိုက်ထိုတွင် ယာဉ်နှစ်စီးတိုက်မိ၍ ၃ ဦးသေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊မရမ်းချောင်ကျေးရွာအနီးရှိ ပိန္နဲပင်အကွေ့တွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး ၃ ဦးသေဆုံးသွားကြောင်း သိမ်ဇရပ်နယ်မြေရဲစခန်းမှ သတင်းရရှိသည်။

Read More »

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးကားလမ်း တံတား ၂ စင်းပြင်ပြီး၍ယာဉ်များဖြတ်သန်းခွင့်ပြု

မိုးသည်းထန်စွာရွာသွန်းသဖြင့် ဇူလိုင်လနောက်ဆုံးပတ်က ရေစီးထဲမျောပါသွားသည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပေါ်ရှိ ဘေလီတံတားနှစ်စင်းကို သက်ဆိုင်ရာမှပြုပြင်ခဲ့ပြီးနောက် ယနေ့သြဂုတ်လ (၁၁) ရက် နံနက်ပိုင်းကစပြိီး ယာဉ်များဖြတ်သန်းသွားလာခွင့်ရရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

Read More »

မွန်ပြည်နယ်တွင် ရာဘာအရည်အသွေးမြှင့်စက်ရုံ တည်ဆောက်ရန်ညှိနှိုင်း

မွန်ပြည်နယ်မှ အဓိကထုတ်လုပ်လျက်ရှိသည့်ရာဘာများ ဈေးကွက်ကောင်းရရှိရန်အတွက် ရာဘာအရည်အသွေးမြှင့်စက်ရုံများ တည်ဆောက်သွားနိုင်ရန် ဩဂုတ်လ (၁) ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဟင်္သာခန်းမတွင် ရာဘာအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတရပ်ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်က မိန့်ခွန်းတက်ရောက် ပြောကြားသည်။

Read More »

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရေကြီးမှုကြောင့် စာသင်ကျောင်းများယာယီပိတ်ထား

ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ်တွင် ရေကြီးမှုကြောင့် ဇူလိုင်လ(၃၁) ရက်နေ့အထိ ကျိုက်ဒုံမြို့အပါအဝင် စာသင်ကျောင်း (၂၄) ကျောင်း ယာယီပိတ်ထားရပြီး လူနေအိမ် (၂၀ဝ) ကျော်နှင့် ရေဘေးသင့်ပြည်သူ ၉၀ဝ ကျော်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။

Read More »