spot_img
Sunday, May 5, 2024
More
    spot_img
    Homeသတင်း လေကြောင်းဖြင့်ပစ်ခတ်မှုကြောင့် ကော့စွယ်ကျေးရွာတွင် အမျိုးသမီးတစ်ဦးသေဆုံး

     လေကြောင်းဖြင့်ပစ်ခတ်မှုကြောင့် ကော့စွယ်ကျေးရွာတွင် အမျိုးသမီးတစ်ဦးသေဆုံး

    -

    မွန်ပြည်နယ် ၊ကျိုက်မရောမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ယမန်နေ့ဧပြီလ ၂၄ရက်နေ့က လေကြောင်းဖြင့် ရမ်းသမ်း ပစ်ခတ်လာမှုကြောင့် အမျိုးသမီး ၁ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၂ ဦးရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် လေကြောင်းဖြင့် နာရီဝက်ကြာ ပစ်ခတ်နေမှုကြောင့် ကော့စွယ်ကျေးရွာတွင် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ရပြီး၊ ကော့နွတ်ရွာတွင် အမျိုးသား ၁ဦးနှင့် ကော့မိတ်ရွာတွင် အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရရှိခဲ့သည်။

    “မနေ့ကလေကြောင်းနဲ့ နာရီဝက်လောက်ပစ်ချပြီးတော့ ညနေအချိန်လောက်တော့လှည့်ပြန်သွားတယ်။ ကော့သပ်၊ ကော့စွယ်၊ ကရနာ၊ ကော့ဘိန်း၊ ဘက်ရွာတွေကိုပစ်ချနေတာ။ ကော့စွယ်မှာအမျိုးသမီးတစ်ဦး သေဆုံးသွားတယ်" ဟု ကျိုက်မရောမြို့နယ် ကော့သပ်ဒေသခံတစ်ဦးက ဆိုသည်။

    ထို့အပြင် ညနေ ၅ နာရီခွဲအချိန်ထိ ကော့စွယ်၊ ကော့သပ် ၊ကျွန်းကုန်းပိုင်း၊ ကော့ဘိန်းနှင့် ကော့ပေါက်ရွာအတွင်းသို့လည်း ရေကြောင်း၊ လေကြောင်း မှတစ်ဆင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု ဆိုသည်။

    စစ်ကောင်စီစစ်တပ်ဖွဲ့တို့သည် ကော့ဘိန်းရဲစခန်းသိမ်းပိုက်ခံရသည့် မတ်လ ၂၆ ရက်နေ့မှစပြီး၊ ကော့သပ်နှင့် တရနာကျေးရွာရှိဘုန်းကြီးကျောင်းနှင့် အထပ်မြင့်သည့် လူနေအိမ်တို့တွင် အင်အား ၁၀၀ ကျော် အထိုင်ချ တပ်စွဲထားပြီး၊ ကော့စွယ်၊ ကော့နွတ်၊ ဘက်သို့လည်း မကြာခဏစစ်ကြောင်းထိုး ဝင်ရောက်လေ့ရှိသည်ဟု ဆိုသည်။

    ၄င်းကော့သပ်၊ကော့စွယ်ကျေးရွာအုပ်စုတို့တွင် လူလတ်ပိုင်းအမျိုးသား အနည်းငယ်လောက်သာကျန်ရှိနေခြင်းကြောင့် ကျေးရွာအတွင်းရှိ စစ်ရှောင်ဘေးရှောင်နေအိမ်များကို စစ်ကောင်စီအဖွဲ့မှ ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းများကို ခိုးယူကာ ဈေးကွက်သို့ ပြန်လည်ရောင်းချလျှက်ရှိသည်ဟု ဒေသခံတို့ထံ မှသိရသည်။

    “ကော့သပ်မှာအထိုင်ချထားတဲ့စစ်သားတွေက နှစ်ရက်တစ်ခါလောက်ရွာထဲစစ်ကြောင်းထိုးပြီး တွေ့ကရာယူတယ် ကြက်၊ ဝက်ပါယူတယ်။ လူမရှိတဲ့အိမ်တွေမှာပစ္စည်းတွေသယ်ထုတ်တယ်။ တရနာရွာ ကနေပစ္စည်းတွေကို ကြိုက်သလိုထုတ်ယူပြီး ဘားအံဘက်မှာရောင်းနေတယ်" ဟု ကော့စွယ်ဒေသခံတစ်ဦးကပြောသည်။

    အလားတူ ကော့သပ်ရွာဘုန်န်င်န်ကျေားင်းတွင် နေရာယူတပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့တို့သည့် ဘုန်းကြီးကျောင်းတွင် သော့ခတ်ထားသည့် အခန်းများကို ဖောက်ထွင်းကာ ငွေသားနှင့် ပစ္စည်းတို့ကို ထုတ်ယူနေသည်ဟုလည်း ဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။

    ယနေ့ ဧပြီ ၂၅ ရက်နေ့ မနက်ပိုင်းတွင်လည်း ကျိုက်မရောမြို့နယ် ကော့ဗိန်းကျေးရွာအတွင်းကို စစ်ကောင်စီတပ်သို့ ဝင်ရောက်လာပြီး ဒေသခံတို့ကို နှိပ်စက် ပစ်သတ်မှုတို့ လုပ်ဆောင်နေကြောင်း ရွာခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,100SubscribersSubscribe
    spot_img

    Latest posts