spot_img
Tuesday, April 1, 2025
More
    spot_img
    Homeသတင်းလွတ်လပ်သောနယ်မြေတွင် အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးနေ့ ကျင်းt်

    လွတ်လပ်သောနယ်မြေတွင် အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးနေ့ ကျင်းt်

    -

    အမျိုးသမီးအကြမ်းဖက်ပပျောက်ရေးနေ့ အခမ်းအနား

    မိလရီထော – ယနေ့တွင် ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ကို နယ်စပ်ရှိ မြန်မာအမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးအစီအစဉ် (VAW) မှ အခမ်းအနား ကျင်းပခဲ့ကြသည်။

    VAW အဖွဲ့အနေနှင့် နယ်စပ်တလျှောက်ရှိ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်သွားစေသည့် ရည်ရွယ်ချက်ဖြင့် အခမ်းအနားကို နယ်စပ်ရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်းရှိ ခလောက်ခနီကျေးရွာတွင် ကျင်းပခဲ့သည်။

    နယ်စပ်တလျှောက်ရှိ အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှု၊ လင်မယားအကြမ်းဖက်မှု၊ အမျိုးသမီးများ အမျိုးမျိုး ဖိနှိပ်ခံနေရမှုအပေါ် ပပျောက်သွားစေလိုသည့် ရွည်ရွယ်ချက်ဖြင့် VAW မှ လစဉ်ပုံမှန် ပညာပေးအစီအစဉ် လုပ်ဆောင်နေသည်။

    သို့သော် နိုဝင်ဘာလ ၇ ရက်နေ ့တရားမျှတမှုမရှိဘဲ ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲလုပ်ကာလအတွင်း နယ်စပ် မြဝတီနှင့် ဘုရားသုံးဆူနယ်မြေမှာလည်း စစ်ရေးတိုက်ပွဲကြောင့် ပြည်သူလူထုမှာ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကြရသညည်။ ထိုအထဲတွင် အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များမှာ ပိုမို ဆင်းရဲဒုက္ခမျိုးစုံ ခံစားကြရ သည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ ယနေ့ကြေညာချက်တွင် ဖော်ပြထားသည်။

    ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းနှင့် အကြမ်းဖက်မှုများပပျောက်ရေး လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ နိုဝင်ဘာလ ၂၅ ရက်နေ့ကို နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် သတ်မှတ်လာခဲ့သည်။

    ထိုမျှမက ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းရင်းသားအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်များကို အကောင်အထည်မဖော်ဘဲ ရွေးကောက်ပွဲရလဒ်အတိုင်း လုပ်ဆောင်ပါက မြန်မာနိုင်ငံအခြေအနေက လက်ရှိထက် ပိုမိုဆိုးရွားလာပြီး အမျိုးသမီးနှင့် ကလေးငယ်များ ဘဝလုံခြုံမှုကို ပိုမိုထိခိုက်စေသည့်အတွက် လက်ရှိနိုင်ငံရေးအခြေအနေသည် အမျိုးသမီးနှင့် ကလေးငယ်များအတွက် အလွန်စိုးရိမ်ဖွယ်ဖြစ်သည်။

    နယ်စပ်ဒေသရှိ အဖွဲ့အစည်းများကို မွန်ကယ်ဆယ်ရေးအဖွဲ့၊ တိုးတက်သောမွန်လူငယ်များအစည်းအရုံး၊ ကျန်းမာရေးအဖွဲ့၊ အမျိုးသမီးနှင့် ကလေးအခွင့်အရေးအစီအစဉ်၊ မွန်ပညာရေးဌာနနှင့် လူ့အခွင့်အရေးအဖွဲ့တို့ ပူးပေါင်းပြီး ကျင်းပသည်။

    နယ်စပ်ဒေသရှိ မွန်အဖွဲ့အစည်းများသည် ပူးပေါင်းပြီး ဒီအမျိုးသမီး အကြမ်းဖက်မှု ပပျောက်ရေးနေ့ တွင် (၈) ကြိမ် ကျင်းပခဲ့သည်။

    (VAW) အဖွဲ့နှင့် နယ်စပ်ရှိ အမျိုးသမီးအဖွဲ့တို့သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရန် ရည်ရွယ်၍ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးနှင့် ပတ်သက်သည့်အစီအစဉ် တစ်လတစ်ခါ ပေးနေသည်။

    လွန်ခဲ့သည့်နှစ်ကတော့ နယ်စပ်ဒေသအကြာရှိ ပလဲ့ဒွန်ဖိုက်ရွာ၊ ဂျပန်ရေတွင်းရွာနှင့် ထီဗဒို့ကျေးရွာတို့ ကျင်းပခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,800SubscribersSubscribe
    spot_img

    Latest posts