Homeသတင်းစာရွက်စာတမ်းအတု ပြုလုပ်မှုများကို ထိုင်းအာဏာပိုင်မှ တင်းကြပ်စွာ နှိမ်နင်းမည်

စာရွက်စာတမ်းအတု ပြုလုပ်မှုများကို ထိုင်းအာဏာပိုင်မှ တင်းကြပ်စွာ နှိမ်နင်းမည်

-

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ရာ၌ အသုံးပြုသည့် ဆေးဘက်ဆိုင်ရာ ကျန်းမာရေးထောက်ခံစာအတုများနှင့် အခြားစာရွက်စာတမ်းအတပြုလုပ်မှုများကို တင်းကြပ်စွာ နှိမ်နင်းသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ယမန်နေ့ မေလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

ထိုင်းအစိုးရ၏ ဒုပြောရေးဆိုခွင့်ရှိသူ ဖတ်ဒါရတ်စ် (Patdarasm Thongsaluaykorn)က လိုင်စင်မဲ့ဆေးခန်းအချို့သည် ရွှေ့ပြောင်းလုပ်သားများအတွက် ကျန်းမာရေးထောက်ခံစာများကို တရားမဝင် ထုတ်ပေးနေကြောင်း စုံစမ်းတွေ့ရှိထားသည်ဟု ပြောကြားသည်။

ထိုင်းဥပဒေအရ Passport ၊ CI ၊ Work Permit နှင့် Pink Card များ ပြုလုပ်ရာတွင် ရွှေ့ပြောင်းလုပ်သားများအနေဖြင့်ကူးစက်ရောဂါရှိမရှိ သိရှိနိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ မဖြစ်မနေ ခံယူရမည်ဖြစ်သည်။

ထို့အပြင် ထောက်ခံစာများကို အစိုးရဆေးရုံများ သို့မဟုတ် ခွင့်ပြုချက်ရရှိထားသည့် ပုဂ္ဂလိက ဆေးရုံနှင့် ဆေးခန်းများတွင်သာ ရယူခွင့်ရှိသည်။

ထို့ကြောင့် ထောက်ခံစာအတုများ မပြုရန် အစိုးရက ထိုင်းအလုပ်ရှင်များနှင့် ရွှေ့ပြောင်းအလုပ်သမားများအား သတိပေးထားပြီး၊ ဥပဒေချိုးဖောက်သူ မည်သူမဆို ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပုဂ္ဂလိက ဆေးဘက်ဆိုင်ရာဌာန ၆၃ ခုကို အလုပ်သမားဌာန၏ အွန်လိုင်းစစ်ဆေးရေးစနစ်နှင့် ချိတ်ဆက်ထားပြီ တရားဝင်ခွင့်ပြုထားသည့် ဆေးရုံနှင့် ဆေးခန်းများကို ခရိုင်အလုပ်အကိုင်ရှာဖွေရေးရုံးများ သို့မဟုတ် နိုင်ငံခြားသားလုပ်သား စီမံခန့်ခွဲရေးရုံးများမှတစ်ဆင့် စစ်ဆေးနိုင်ကြောင်း သိရသည်။

ယခုစစ်ဆေးမှုကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းလုပ်သားမှတ်ပုံတင်မှုများ၊ စာရွက်စာတမ်းအတု အသုံးပြုမှုများနှင့် လူကုန်ကူးမှုဆိုင်ရာ ပြဿနာများကို လျှော့ချနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts