Homeသတင်းလမိုင်းမြို့တွင် စည်ပင်ဝန်ထမ်းတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားဟုဆို

လမိုင်းမြို့တွင် စည်ပင်ဝန်ထမ်းတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားဟုဆို

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့က စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းတစ်ဦးကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖမ်းဆီးသွားသည်ဟု ဒေသခံတို့က ပြောသည်။

လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားသည့် စည်ပင်သာယာရေး ဝန်ထမ်းသည် အသက် ၂၉ နှစ်အရွယ် ဝန်ထမ်း ဦးခင်ချိုဆိုသူဖြစ်ပြီး အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းခန့်က ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံတို့က ပြောသည်။

စည်ပင်ဝန်ထမ်း ဦးခင်ချိုသည် လမိုင်းမြို့ကနေ နှစ်ကရင်သွားရာလမ်းတွင် စစ်ဆေးမှုပြုလုပ်နေသည့် လက်နက်ကိုင်အဖွဲ့တို့က ဖမ်းဆီးသွားခဲ့ကြောင်း ဆိုသည်။

“လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းသွားတယ်လို့တော့ သတင်းက အဲလိုထွက်နေတာပေါ့လေ ဒါပေမဲ့ ဘယ်လက်နက်ကိုင်အဖွဲ့ဆိုတာတော့ ဘယ်သူမှလည်း မပြောနိုင်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးခင်ချိုသည် လမိုင်းမြို့ ဇာတိဖြစ်ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရှိနိုင်သေးပေ။

စည်ပင်ဝန်ထမ်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်း မရှိသေးပေ။

စစ်တပ်အာဏာသိမ်းပြီးနောက် ရေးမြို့နယ်အတွင်း ဝန်ထမ်းများ မကြာခဏ ဖမ်းဆီးခံရလေ့ရှိပြီး အများစုကို တော်လှန်ရေးတပ်ဖွဲ့တို့က ခံဝန်ဖြင့် ပြန်လွှတ်လေ့ရှိသည်။

စစ်ကော်မရှင်က ဝန်ထမ်းများ မကြာခဏ ဖမ်းဆီးခံရလေ့ရှိသည့် ရေးမြို့နယ်အတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ခရီးမသွားကြဖို့ စစ်အစိုးရက ညွှန်ကြားချက် ထုတ်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts