တိုက်ပွဲဖြစ်ပွားနေသည့် ကရင်ပြည်နယ်၊ ကြာအင်ဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ ပုလိန်ကျေးရွာဘက်တွင် စစ်တပ်က ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ ညနေပိုင်းက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ယနေ့ ညနေ ၄ နာရီဝန်းကျင်ခန့်က စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချခဲ့သည် ကနဦး သိရသည်။
လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို စုံစမ်းလျက်ရှိပြီး အသေးစိတ်ကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။
ကြာအင်ဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ ပုလိန်ကျေးရွာအနီးတွင် ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းကစပြီး စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။
နှစ်ဖက်တိုက်ပွဲသည် ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေကြောင်း တိုက်ပွဲကြောင့် ဘုရားသုံးဆူ-မုဒုံကားလမ်းပိုင်းလည်း ပိတ်ထားပြီး ဘုရားသုံးဆူ-မုဒုံသို့ ပြေးဆွဲနေသည့်ကားများလည်း ပိတ်မိနေသည်။





