Homeသတင်းစစ်အုပ်စုကြောင့် တစ်လအတွင်း မွန်အပါ နိုင်ငံတဝှမ်း အမျိုးသမီး ၅၈ ဦး သေဆုံး

စစ်အုပ်စုကြောင့် တစ်လအတွင်း မွန်အပါ နိုင်ငံတဝှမ်း အမျိုးသမီး ၅၈ ဦး သေဆုံး

-

စစ်အုပ်စု တိုက်ခိုက်မှုကြောင့် စက်တင်ဘာလအတွင်း မွန်ပြည်နယ်အပါအဝင် နိုင်ငံအဝှမ်းက အမျိုးသမီး ၅၈ ဦး သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာသူ ၆၅ ဦး ရှိသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ၏ အချက်အလက်များအရ သိရသည်။

သေဆုံးအမျိုးသမီး ၅၈ ဦးထဲတွင် ၄၈ ဦးသည် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ဖြစ်ပြီး၊ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ၇ ဦး၊ ကျည်ထိမှန်မှုကြောင့် ၁ ဦး၊ မတရားသတ်ဖြတ်ခံရမှု ၁ ဦးနှင့် မြေမြုပ်မိုင်းကြောင့် ၁ ဦး ပါဝင်သည်ဟု BWU က အောက်တိုဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သေဆုံးအမျိုးသမီးများထဲတွင် အသက် ၁၈ နှစ်အောက် ၆ ဦးပါဝင်ပြီး မသန်စွမ်းအမျိုးသမီးတစ်ဦးလည်း ပါဝင်သည်ဟု ဖော်ပြထားသည်။

စစ်အုပ်ကြောင့် သေဆုံးခဲ့ရသည့် အမျိုးသမီးများသည် ရခိုင်ပြည်နယ်တွင် ၁၇ ဦး အများဆုံးဖြစ်ပြီး မကွေးတိုင်တွင် ၁၃ ဦး၊ စစ်ကိုင်းတိုင်းတွင် ၁၁၊ မန္တလေးတိုင်းတွင် ၇ ဦး၊ ကရင်နီပြည်တွင် ၅ ဦးနှင့် တနင်္သာရီတိုင်း၊ ရှမ်း၊ ကရင်၊ မွန်၊ ချင်းပြည်နယ်တို့တွင် တစ်ဦးစီ ဖြစ်သည်။

၎င်းပြင် ထိခိုက်ဒဏ်ရာရသူ ၆၅ ဦးတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၆၀ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၃ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၂ ဦး ပါဝင်သည်။

ဒေတာနှင့် သတင်းအချက်အလက်ကို လက်လှမ်းမီနိုင်ရန် အခက်အခဲများစွား ရှိသဖြင့် ကိန်းဂဏန်းများသည် မြေပြင်၌ ယခုထက်ပိုများနိုင်သည်ဟု BWU က ဆိုသည်။

စစ်အုပ်စုသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်လျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts