Homeသတင်းမြဝတီတွင် အနိမ့်ပိုင်းရပ်ကွက်မှ ဒေသခံ ၅၀၀ ကျော် ယာယီပြောင်းရွှေ့ထားရ

မြဝတီတွင် အနိမ့်ပိုင်းရပ်ကွက်မှ ဒေသခံ ၅၀၀ ကျော် ယာယီပြောင်းရွှေ့ထားရ

-

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး သောင်ရင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းနှင့် မြစ်ကမ်းအနီးနေထိုင်သည့် ဒေသခံ ၅၀၀ ကျော် ယာယီ ပြောင်းရွှေ့နေကြကြောင်း လှုမှုကူညီကယ်ဆယ်ရေးအဖွဲ့နှင့် မြို့ခံများထံမှ သိရသည်။

သောင်းရင်းမြစ်ရေသည် ယနေ့မနက်ပိုင်း ၆ နာရီခွဲတွင် မိုးလေဝသဇလဗေဒ ဦးစီးဌာန၏ တိုင်းတာချက်အရ ၁၁၂၃ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်၏ ၉၆၃ စင်တီမီတာအထက် ကျော်လွန်နေပြီးဟု သိရသည်။

ယမန်နေ့ သြဂုတ်လ ၂၀ ရက်နေ့မှစ၍ အမှတ်(၁)၊ အမှတ် (၂) နှင့် အမှတ် (၅) ရပ်ကွက်တို့တွင် ရေဝင်ရောက်နေသဖြင့် ဒေသတွင်း လှုမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ပေးနေပြီး လက်ရှိ  တောရဘုန်းကြီးကျောင်းဓမ္မာရုံတွင် ရေဘေးသင့်ပြည်သူ ၅၀၀ ကျော် ရောက်ရှိနေကြောင်း ဆိုသည်။

လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက “မိုးက‌ကောင်းနေတော့ ရေက တက်မြန်နေတယ်။ မနေ့ကတစ်ရက်နဲ့ ရေအတော်တက်လာတာ အခုထိတက်နေတုန်းပဲ၊ မနေ့ညက ကျနော်တို့ အနိမ့်ပိုင်းနဲ့ မြစ်အနားမျာရှိနေတဲ့သူတွေကို ညပိုင်းများပြောင်းလိုက်ရတယ် လောလောဆယ်တော့ အမှတ်(၄) ဘုန်းကြီးကျောင်းမှား ပြောင်းထားပေးတယ်” ဟု လှုမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်းတစ်ဦးက ပြောသည်။

မြစ်ရေသည် ယနေ့အထိ ဆက်လက်မြင့်တက်လျှက်ရှိပြီး လာမည့် ၁ ရက်အတွင်း ၅ ပေခန့် ထပ်မံမြင့်တက်လာနိုင်သောကြောင့် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်ဟု မိုးလေဝသဇလ‌ဗေဒဦးစီးဌာနက ခန့်မှန်းထားသည်။

အလားတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ တလာ့တ်လင်မွေးဈေးနှင့် ထိုင်း-မြန်မာ အမှတ် (၁) တံတားအနီးတွင်လည်း မြစ်ရေများ ဝင်ရောက်နေပြီဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် တာ့ခ်ခရိုင်၊ မဲ့လမတ်မြို့နယ်နှင့် မဲဆောက်မြို့နယ်ရှိ မယ်ပ၊ မယ်ကု၊ မဟာဝမ်၊ ထာ့ဆိုင်လွှက်၊ မယ်တောင်၊ မဲ့ကစာကျေးရွာနှင့် မဲ့ကျလောင်းကျေးရွာတို့တွင် နေထိုင်သည့် ပြည်သူများကို ရေဘေးလွတ်ကင်းရာနေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် ထိုင်းအာဏာပိုင်များက အသိပေး နှိုးဆော်မှုများပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts