Homeသတင်း‌ရေးဘီလူး ဖေ့ဘွတ်ပေ့တွင် မှတ်ချက်ဝင်ရေးသူများကို စစ်တပ် ဆက်တိုက်ဖမ်းဆီးနေ

‌ရေးဘီလူး ဖေ့ဘွတ်ပေ့တွင် မှတ်ချက်ဝင်ရေးသူများကို စစ်တပ် ဆက်တိုက်ဖမ်းဆီးနေ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ယက်စာမျာနှာအောက်တွင် မှတ်ချက်ဝင်ရေးသူများကို စစ်ကော်မရှင်တပ်က ဆက်တိုက်ဖမ်းဆီးပြီး အရေးယူနေကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာနေ အသက် ၂၉ နှစ်အရွယ် မဖူးပွင့်ဝေ (ခ) သမီးပုဆိုကို ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ယက်စာမျာနှာအောက်တွင် မှတ်ချက်ဝင်ရေးခဲ့ခြင်းဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့က စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့သည်။

မဖူးပွင့်ဝေ (ခ) သမီးပုသည် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ယက်စာမျာနှာတွင် မျှဝေထားသည့် ပို့စ်အောက်တွင် အားလုံးဘေးကင်းကျပါစေ၊ အားလုံး အသက်ရှည် ကျန်းမာကြပါစေ၊ တိုက်ပွဲတိုင်းလဲ အောင်မြင်ကြပါစေ စသဖြင့် မှတ်ချက် ဝင်ရေးခဲ့ခြင်းဖြင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ဖမ်းဆီးပြီးနောက် မဖူးပွင့်ဝေ (ခ) သမီးပုကို သံဖြူဇရပ်မြို့မရဲစခန်းတွင် အကြိမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၂ (က) ဖြင့် အမှုဖွင့် အရေးယူထားသည်။

အလားတူ သြဂုတ် ၈ ရက်နေ့တွင်ပင် သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာအနီး သံဖြူဇရပ်-ကျိုက္ခမီကားလမ်းပိုင်းတွင် မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်းကျေးရွာနေ အသက် ၅၀ နှစ်အရွယ် ဦးဇင်မင်းခိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးပြီး ဦးဇင်မင်းခိုင်ကို စစ်ဆေးရာတွင် ရေးဘီလူး အကောင့်မှာ ညီကိုရေ သတိတော့ထားပါ၊ ဖိုက်တင်းညီကို အရာအားလုံး အထူးသတိရှိပါ၊ အခုလိုမြင်ရ ဝမ်းသာပါတယ်၊ ညီကိုရေ အရာအားလုံး ဂရုစိုက်ပါ စသဖြင့် မှတ်ချက်များ ဝင်ရေးမှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

စစ်ကော်မရှင် ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့၏ အဆိုအရ ဦးဇင်မင်းခိုင်ကို သတင်းအရ တောင်ဖလုကျေးရွာအနီး သံဖြူဇရပ်-ကျိုက္ခမီကားလမ်းတွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဦးဇင်မင်းခိုင်ကိုလည်း မုဒုံမြို့မရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂(က) ဖြင့် အမှုဖွင့်အရေးယူထားသည်။

မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကွန်ရက်စာမျက်နှာပေါ် စစ်ကောင်စီကို ဝေဖန် ရေးသား ဖြန့်ဝေသူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG, PDF, တော်လှန်ရေးအင်အားစုတို့ကို အားပေးထောက်ခံသည့်စာ ရေးသား ဖြန့်ဝေသူများကို စစ်ကော်မရှင်တပ်က ဆက်တိုက်ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများကို စစ်တပ်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့် အရေးယူးထားသူများသည်ရှိသလို အချို့ကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်လေ့ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts