Home သတင်း ရေးဘီလူး ဖေ့ဘွတ်ပေ့အောက် မှတ်ချက်ဝင်ရေးသည့် အမျိုးသမီး ဖမ်းဆီး အရေးယူခံရ

ရေးဘီလူး ဖေ့ဘွတ်ပေ့အောက် မှတ်ချက်ဝင်ရေးသည့် အမျိုးသမီး ဖမ်းဆီး အရေးယူခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ယက်စာမျာနှာအောက်တွင် မှတ်ချက်ဝင်ရေးခဲ့သည့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူခံရကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာနေ အသက် ၂၉ နှစ်အရွယ် မဖူးပွင့်ဝေ (ခ) သမီးပုဆိုသူသည် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် Phoo Pwint Wai အမည်ဖြင့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ယက်စာမျာနှာအောက်တွင် မှတ်ချက်ဝင်ရေးခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရသည်။

မဖူးပွင့်ဝေ (ခ) သမီးပုသည် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ယက်စာမျာနှာတွင် မျှဝေထားသည့် ပို့စ်အောက်တွင် “အားလုံးဘေးကင်းကျပါစေ”၊ “အလှူရှငမျးအားလုံးကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးကင်းကျပါစေ”၊ “အားလုံး အသက်ရှည် ကျန်းမာကြပါစေ၊ တိုက်ပွဲတိုင်းလဲ အောင်မြင်ကြပါစေ၊ အစစအရာရာ ဂရုစိုက်ပါအကျဲရေ” ဆိုပြီး မှတ်ချက်များ ဝင်ရေးခဲ့သည်ဟု စစ်ကော်မရှင်တပ်က စွပ်စွဲထားသည်။

မဖူးပွင့်ဝေ (ခ) သမီးပုကို ဩဂုတ်လ ၈ ရက်နေ့က စစ်ကော်မရှင်တပ်တို့က သွားရောက်ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

“လက်ရှိတွင် မဖူးပွင့်ဝေ (ခ) သမီးပုကို သံဖြူဇရပ်မြို့မရဲစခန်းတွင် အကြိမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၂ (က) ဖြင့် အမှုဖွင့်အရေးယူထားတယ်” ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကွန်ရက်စာမျက်နှာပေါ် စစ်ကောင်စီကို ဝေဖန် ရေးသား ဖြန့်ဝေသူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG, PDF, တော်လှန်ရေးအင်အားစုတို့ကို အားပေးထောက်ခံသည့်စာ ရေးသား ဖြန့်ဝေသူများကို စစ်ကော်မရှင်တပ်က ဆက်တိုက်ဖမ်းဆီးခဲ့သည်။

စစ်ကော်မရှင်တပ်က ဖမ်းဆီးရသူများကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့် အရေးယူးထားသူများသည်ရှိသလို အချို့ကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်လေ့ရှိသည်။

Enable Notifications OK No thanks