Homeသတင်းနိုင်ငံတကာ သတင်းနွန်ထပူရီ စာသင်ကျာင်းအနီးတစ်ခုအနီး ပစ်ခတ်မှုဖြစ်ပွားနေပြီး ပတ်ဝန်းကျင်ရှိပြည်သူများရှောင်ရှားရန်သတိပေး

နွန်ထပူရီ စာသင်ကျာင်းအနီးတစ်ခုအနီး ပစ်ခတ်မှုဖြစ်ပွားနေပြီး ပတ်ဝန်းကျင်ရှိပြည်သူများရှောင်ရှားရန်သတိပေး

-

ထိုင်းနိုင်ငံ၊ နွန်သဘူရီခရိုင်၊ ဘန်းကရုဲင်း (Bang Kruai) မြို့နယ်ရှိ Debsirin Nonthaburi School (ဒေဗ်ဆီရင် နွန်ထဘူရီကျောင်း) တွင် ယနေ့ သြဂုတ်လ ၇ ရက် နံနက်ပိုင်းက ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦးမှ ၂၀ အထိ ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ အချို့လည်း ရှိကြောင်း ထိုင်းသတင်းဖော်ပြချက်များအရ သိရသည်။  

လက်ရှိအချိန်အထိ ပစ်ခတ်မှုကျူးလွန်သူအား ဖမ်းဆီးရမိခြင်း မရှိသေးသည့်အတွက် အဆိုပါ ကျောင်းပတ်ဝန်းကျင် ဧရိယာအတွင်းသို့ သွားရောက်ခြင်း မပြုကြရန်နှင့် နောက်ထပ် အကြောင်းမကြားမချင်း ရှောင်ရှားကြရန် သက်ဆိုင်ရာက အရေးပေါ် သတိပေးထားသည်။

စစ်ဆင်ရေး ပိတ်ဆို့မှုများ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပြီး အဆိုပါ အဆောက်အအုံအတွင်းရှိ အခြေအနေများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများကို လူမှုကွန်ရက်ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ခြင်း (Live Streaming) နှင့် ဓာတ်ပုံ/ဗီဒီယို မျှဝေခြင်းများ မပြုလုပ်ကြရန် တာဝန်ရှိသူများက မေတ္တာရပ်ခံထားသည်။

ပစ်ခတ်မှုကျူးလွန်သူမှာ အဆိုပါ ကျောင်းမှ ကျောင်းသားတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပဏာမ စုံစမ်းစစ်ဆေးချက်အရ သတ်မှတ်ထားပြီး အဆောက်အအုံအတွင်း ပိတ်ဆို့ ရှာဖွေမှုများ အရေးပေါ် လုပ်ဆောင်နေဆဲဖြစ်သည်။  

ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်နှင့် နောက်ဆက်တွဲ အသေးစိတ် အချက်အလက်များကို သက်ဆိုင်ရာမှ တရားဝင် အတည်ပြု ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

ပြည်သူများအနေဖြင့် အတည်မပြုရသေးသည့် သတင်းအမှားများကို ထပ်ဆင့်မျှဝေခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ထုတ်ပြန်သည့် တရားဝင် သတင်းအချက်အလက်များကိုသာ စောင့်ကြည့် လေ့လာကြပါရန် တိုက်တွန်းထားသည်။

ကိုးကား-Khaosod English

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts