Homeသတင်းခိုးဝင်မြန်မာနိုင်ငံသား ၄၃ ဦး တင်ဆောင်လာသည့် ဗန်းကားတစ်စီး တိမ်းမှောက်မှုဖြစ်ရာမှ ဖမ်းဆီးခံရ

ခိုးဝင်မြန်မာနိုင်ငံသား ၄၃ ဦး တင်ဆောင်လာသည့် ဗန်းကားတစ်စီး တိမ်းမှောက်မှုဖြစ်ရာမှ ဖမ်းဆီးခံရ

-

ထိုင်းနိုင်ငံ၊ ဆူဖန်ဘူရီ အဝေးပြေးလမ်းမပေါ်တွင် တရားမဝင်မြန်မာနိုင်ငံသား ၄၃ ဦး တင်ဆောင်လာသည့် ဗန်းကားတစ်စီးတိမ်းမှောက်မှုဖြစ်ရာမှ ထိုင်းရဲတပ်ဖွဲ့များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာလုပ်သားများအား တင်ဆောင်လာသည်ဟု ယူဆရသော သင်္ကာမကင်းဖွယ် ဗန်း (Van) ကားတစ်စီးကို ရဲတပ်ဖွဲ့က စစ်ဆေးရန် လိုက်လံတားဆီးခဲ့ရာ ကီလိုမီတာ ၆၀ ကျော်အထိ အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရသည်။

ကန်ချနဘူရီခရိုင်၊ ဘိုဖလွိုင်မြို့နယ်အနီးတွင် ကားလမ်းကြောင်း ပြန်ကွေ့ရန် ကြိုးပမ်းစဉ် အရှိန်လွန်နေသည့်အတွက် ထိန်းချုပ်မရဘဲ လမ်းလယ်ကျွန်းကို ဝင်ရောက်တိုက်မိကာ မှောက်ခုံဖြစ်သွားခဲ့ပြီး ယာဉ်မောင်းမှာ ကားအတွင်း ပိတ်မိသွားခဲ့သည်။

ဗန်းကားအတွင်း စစ်ဆေးရာတွင် ဝင်ရောက်လာသည့် တရားမဝင် မြန်မာလုပ်သား အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၁၁ ဦး (စုစုပေါင်း ၄၃ ဦး) တို့ကို ပြည့်ကြပ်စွာ တင်ဆောင်ထားသည်ကို တွေ့ရှိခဲ့ရပြီး တရားဝင် လူဝင်မှုကြီးကြပ်ရေး စာရွက်စာတမ်းများ ပြသနိုင်ခြင်း မရှိခဲ့ပေ။

စုံစမ်းစစ်ဆေးချက်များအရ အဆိုပါ လုပ်သားများသည် ကန်ချနဘူရီခရိုင်၊ စံခလဘူရီ သဘာဝတောလမ်းကြောင်းများမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး အချို့မှာ မလေးရှားနိုင်ငံအထိ သွားရောက် လုပ်ကိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ ခရီးစရိတ်အနေဖြင့် တစ်ဦးလျှင် ဘတ် ၉၆,၀၀၀ မှ ၁၀၀,၀၀၀ အထိ ကုန်ကျမည်ဖြစ်ပြီး အလုပ်ရှင်က စိုက်ထုတ်ပေးထားခြင်းဖြစ်သည်။

ယာဉ်မောင်းဖြစ်သူ၏ ဖြောင့်ချက်အရ အဆိုပါ တရားမဝင် လုပ်သားများအား ဟက်ယိုင်မြို့သို့ ပို့ဆောင်ပေးရန် ငွေကြေးဖြင့် ငှားရမ်းခြင်းခံရပြီး ခရီးစဉ်အောင်မြင်ပါက တစ်ဦးလျှင် ဘတ် ၂,၅၀၀ ကျပ်စီ ရရှိမည်ဖြစ်ကြောင်း ဝန်ခံထားသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က ယာဉ်မောင်းအား တရားမဝင် ဝင်ရောက်လာသူများအား ကူညီအားပေးကူညီမှုဖြင့် အမှုဖွင့်ထားပြီး၊ မြန်မာလုပ်သား ၄၃ ဦးကိုလည်း ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အရေးယူဆောင်ရွက်နိုင်ရန် တာဝန်ရှိ စုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းပေးထားသည်။

ထို့အပြင် ယခု ခိုးဝင်မှုကွန်ရက်တွင် ပါဝင်ပတ်သက်နေသူများအားလုံးကို ဆက်လက်စုံစမ်း စစ်ဆေးဖော်ထုတ်သွားမည်ဟု သိရသည်။

ကိုးကား-Kanchanaburi News

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts