Homeသတင်းထားဝယ်မြို့နယ် ဒုအကောက်ခွန်မှူးကို တော်လှန်ရေးတပ်ဖွဲ့ ဖမ်းဆီး

ထားဝယ်မြို့နယ် ဒုအကောက်ခွန်မှူးကို တော်လှန်ရေးတပ်ဖွဲ့ ဖမ်းဆီး

-

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အကောက်ခွန်ဦးစီးဌာနက ဒုအကောက်ခွန်မှူး ဖြိုးစံကို တော်လှန်ရေးတပ်ဖွဲ့တို့က ဖမ်းဆီးပြီး စစ်ဆေးလျက်ရှိသည်။

ဒုအကောက်ခွန်မှူး ဖြိုးစံကို ဌာနတွင်းက သတင်းပေးချက်အရ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ က ဩဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

ဒုအကောက်ခွန်မှူး ဖြိုးစံကို ‎လောင်းလုံမြို့နယ်၊ မောင်းမကန်ကမ်းခြေအနီးတွင် အမှတ် ၈၀၀၃ တပ်ရင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်စဥ် စစ်ဆေးဖမ်းဆီးခဲ့သည်။

ဒုအကောက်ခွန်မှူး ဖြိုးစံသည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် သဘာဝဓါတ်ငွေ့တူးဖော်ရေးအခြေအနေများနှင့် စက်ပစ္စည်းများ လာရောက်စစ်ဆေးစဉ် လမ်းတွင် ဖမ်းဆီးခံခဲ့ရသည်။

လက်ရှိတွင် ဒုအကောက်ခွန်မှူး ဖြိုးစံကို လူ့အခွင့်အရေးနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟုနည်းဗျူဟာ ၃၃ ဗျူဟာမှူးက ပြောသည်။

ထားဝယ်အကောက်ခွန်ဦးစီးမှူး တင်မောင်လင်းလည်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ဌာနတွင်း လုပ်ပိုင်ခွင့်ထက်ကျော်လွန်ကာ အကျင့်ပျက်ချစားမှု ပြုလုပ်နေသည်ကို ဌာနတွင်းက သတင်းပေးပို့ထားသည်ဟုလည်း နည်းဗျူဟာ ၃၃ က ဆိုသည်။

ဒုအကောက်ခွန်ဦးစီးမှူး ဖမ်းဆီးခံရပြီးနောက် ဒေသတွင်းကို စစ်ကော်မရှင်တပ်များ စစ်ကြောင်းထိုးပြီးနယ်မြေရှင်းလင်းနေကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် နေ့စဥ်လေကြောင်းတိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုးပြီး ကျေးရွာရှိနေအိမ်များကို မီးရှို့ဖျတ်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများအား လက်နက်ပြ ခြိမ်းခြောက် လုယူခြင်း၊ လက်နက်မဲ့ ပြည်သူလူထုများကို သတ်ဖြတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဆိတော်လှန်ရေးတပ်ဖွဲ့တို့က ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts