Homeသတင်းပကတိမွန်လူငယ်နှင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများမှ ဆုံးဖြတ်ချက်နှင့် ညွှန်ကြားချက်များကို မွန်လူငယ်ညီလာခံမှ ချမှတ်

ပကတိမွန်လူငယ်နှင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများမှ ဆုံးဖြတ်ချက်နှင့် ညွှန်ကြားချက်များကို မွန်လူငယ်ညီလာခံမှ ချမှတ်

-

မွန်လူငယ်ဆုံရပ်အဖွဲ့ MYF မှ ဦးဆောင်ပြုလုပ်သည့် စတုတ္တအကြိမ် မွန်လူငယ်ညီလာခံတွင် ပကတိမွန်လူငယ် အခြေအနေနှင့် ရင်ဆိုင်နေရသည့် အကြပ်အတည်းဆွေးနွေးချက်များအပေါ် အခြေခံ၍ ဆုံးဖြတ်ချက် ၉ ခုနှင့် ညွှန်ကြားချက် ၇ ခုကို ချမှတ်နိုင်ခဲ့ကြောင်း ကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

စတုတ္တအကြိမ် မွန်လူငယ်ညီလာခံကို မွန်ပြည်နယ် ရေးမြို့နယ် ကျိုက်ဒေးတမော့ဗရတ် သာသနာပြုနယ်မြေတွင် အောက်တိုဘာ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့က ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညီလာခံအတွင်း တက်ရောက်လာသူ လူငယ်များက မိမိတို့ဒေသတွင်း ရင်ဆိုင်နေရသည့် လုံခြုံရေးစိန်ခေါ်မှု၊ မူးယစ်ဆေးဝါးပြဿနာ၊  မွန်လူငယ် မူဝါဒရေးရာကိစ္စများအပြင် မွန်လူငယ်ဆုံရပ်အဖွဲ့ MYF ၏ တာဝန်ရှိသူအဆင့်ဆင့်ကို ပြန်လည်ရွေးချယ်မှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယနေ့ခေတ်ကာလတွင် မွန်လူငယ်များသည် လုံခြုံရေးစိန်ခေါ်မှုနှင့် မူးယစ်ဆေးဝါကိစ္စများအဓိက ရင်ဆိုင်နေရကြောင်း တက်ရောက်လာသည့် မွန်လူငယ်များ၏ ဆွေးနွေးတင်ပြချက်များအရ သိရသည်။

အဆိုပါ အကြပ်အတည်းနှင့်စိန်ခေါ်မှုများအပေါ် အခြေခံပြီး ဆုံးဖြတ်ချက် ၉ ခုနှင့် ညွှန်ကြားချက် ၇ ခု တို့ကို ချမှတ်နိုင်ခဲ့ကြောင်း MYF မှ ထုတ်ပြန်ထားပြီး အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။

စစ်မှုထမ်းဥပဒေနှင့် နိုင်ငံရေးအပြောင်းအလဲကြောင့် မွန်ဒေသတွင်း လူငယ်များ ပြည်ပထွက်ခွာမှု များနေခြင်းသည် မွန်အဖွဲ့အစည်းအသီးသီးတွင် လူငယ်များ ပါဝင်မှု ပိုမိုနည်းပါးလာသည့် စိန်ခေါ်မှုများကိုလည်း တက်ရောက်လာသူများက ဆွေးနွေးခဲ့သည်။

မွန်လူငယ်ညီလာခံသို့ မွန်နိုင်ငံရေးပါတီ အသိုင်းအဝိုင်းမှ လူငယ်များ၊ မြို့နယ်နှင့် တိုင်းဒေသကြီးအဆင့် လူငယ်ကိုယ်စားလှယ်များ၊ လူငယ်အဖွဲ့များအသီးသီးမှ လူငယ်များ၊ မွန်လူမှုအဖွဲ့အစည်းမှ လူငယ်ကိုယ်စားလှယ်များ၊ သံဃာအဖွဲ့မှ ကိုယ်စားလှယ်များ၊ MYF တာဝန်ရှိသူဟောင်းများနှင့် လေ့လာသူများအပါဝင် ၁၆၃ ဦး ပါဝင်တက်ရောက်ခဲ့သည်။

ပထမအကြိမ် မွန်လူငယ်ညီလာခံကို၂၀၁၄ ခုနှစ်က မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀၀ မွန်ပရိယတ္တိစာသင်တိုက်တွင် ကျင်းပ ခဲ့ပြီး မွန်လူငယ်များကြား မူဝါဒတစ်ရပ်ရှိစေရေး၊ ကော်မတီများအဆင့်ဆင့်ဖွဲ့စည်းကာ မူကြမ်းများရေးဆွဲရန် မွန်လူငယ်ညီလာခံအား နှစ်နှစ်တစ်ကြိမ်ပြုလုပ်ရန် စီစဉ်ထားခဲ့သည်။

ပုံ-MYF

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts